Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 16 March 2012

(ပိတောက်ပန်း)

ပိတောက်ပန်းလေးရယ်
ပင်ရံမြင့်ဖျား...ထိပ်ဖျားပေါ်မှ
နေချည်တလပ်
ထိုးလိုက်ရင်ဖြင့်
ဝင်းဝါထိန်၍
လှပတင့်တည်တောက်ပလို့လည်း
တစ်နှစ်မှာတစ်ခါ
ပွပ့်မြဲမို့သာ..လူတိုင်းရင်မှာ
ကြည်နူးပီတိဖြစ်ရသလို
ဧပြီလရဲ့..အတာတန်ခူး
နွေဦးသင်္ကြန်
ရောက်ပြီဆိုတာ
ပိတောက်ပန်းတွေလိုင်လိုင်ပွင့်လို့
သင်းရနံ့တွေမွှေးကြိုင်လို့လည်း
ပိတောက်ပန်းလေးတွေနဲ့အတူ
နွေဦးအတာရေသဘင်...သင်္ကြန်ပွဲကို
နွဲ၍ပျော်လိုက်ချင်ပါတယ်....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့