Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 23 March 2012

☻☻ငါတို့တွေဝေးပြီးရင်းဝေး.....☻☻

အတောင်ရှိရက်နဲ့
ပျံသန်းခွင့်မရတဲ့ဘ၀ပါ
နှင်းဆီတစ်ငုံပွင့်အာလာမယ့်သဏ္ဍာန်နဲ့
နင့်နှုတ်ခမ်းအစုံက
ပေါက်ကွဲစေနိုင်တဲ့စွမ်းအားတွေမရှိပါပဲ
ငါ့ရင်မြေတစ်ခုလုံးဝုန်းဒိုင်းကြဲလို့။
ကြယ်စင်တွေကိန်းဝပ်နေတဲ့
နင့်မျက်ဝန်းအစုံနဲ့ထိခက်မိတိုင်း
ဘ၀ကအမှောင်တွေအလင်းသင့်လာသလိုလို
ပဒုမ္မာကြာဖူးလေးက
လရဲ့အရောင်ကိုသစ္စာရှိစွာမျော်လင့်သလို
ငါလည်းနင့်အလာလမ်းမှာသစ္စာရှိစွာ
နင့်အလှတရားတွေက
ငါ့အတွက် ပဉ္စလက်ကကြိုး
ခြားနားထားတဲ့ကန့်လန့်ကာတွေကိုမေ့
ငါတို့တစ်နေ့ပေါင်းဖက်ရမလိုလို
ရူးသွပ်ခြင်းနှလုံးသားရဲ့ဆန္ဒကိုပြောပါတယ်
တကယ်တော့
ချစ်ခြင်းတရားတစ်ခုရဲ့စုံမှတ်ဟာ
ရင်ခုန်ခြင်းနဲ့နားလည်မှုဆိုတာ
ငါ အသဲမကွဲခင်ကသိဖို့ကောင်းတယ်
အခုတော့
ခြားနားတဲ့ဘ၀နဲ့
ကာရန်တဲ့ဂုဏ်ငွေတွေကြောင့်
ငါတို့တွေ
ဝေးပြီးရင်းဝေး…………

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့