ပြတင်းပေါက်လေးဖွင့်ထားခဲ့
နေပူအရှိန်ဟာ အမြင့်ဆုံးအရှိန်နဲ့
တောက်လောင်နေခဲ့...
အပူကြားထဲ
လေညှင်းတစ်ခု ဖြတ်တိုက်လိုက်ချိန်
မြေသင်းရနံလေးဟာ....
လွမ်းဆွတ်မူကို
နိုးဆော်လိုက်လေပြီ......
ခေါင်မိုးထက်သို့
မိုးတစ်ပေါက်ကျ
ခေါင်းမော့ကြည်မိ
လိုက်ကာဖွင့် တော့
အပြင်မှာ ..
မိုးတွေရွာနေပြီ.....
တစ်ချိန် တစ်ခါ
အတိတ်အကြောင်းတွေ
ပြန်စဉ်စားမိ
မိုးရေထဲက
ကြည်နူးမူတွေ..
မိုးရေနဲ့အတူသာ...
မျှောပါ မျှောပါ.....
ဘောပင်လေးဟာ တုတ်တုတ်မျှမလုပ်
သတိရမူတွေ
လွမ်းဆွတ်မူတွေ
တမ်းတမူတွေ
ငါဟာ...
အပြင်မိုးနှင့်
ငါ့မျက်ရည်
ပါးပြင်ထက်မှ
မေးအောက်သို့.......
ငုတ်လျှိုသွားခဲ့ပြီ.....
အိပ်မက်ဆိုတာမရေမရာ
အချစ်ဆိုတာ မရေမရာ
ပြတင်းတံခါးလေးပြန်ပိတ်..
မိုးရွာတာမမြင်ရပေမယ့်..
မိုးသံတွေကြားနေရဆဲ..
အလွမ်းမိုးတွေ...
အလွမ်းမျက်ရည်တွေ...
ပိတောက်တွေ သစွာ မရှိတော့ဘူး....
No comments:
Post a Comment