Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 16 March 2012

တစ်ခန်းရပ်အချစ်

ငါတို့တွေ စသိကြကတည်းက
ဘယ်လိုအဆုံးသတ်ကြမယ်ဆိုတာ
သိနှင့်ခဲ့ပါရဲ့။
ဒါပေမယ့် မဖြစ်နိုင်တဲ့ကြား
ဇွတ်တိုးဝင်ခဲ့ တော့ အလွမ်း၊ကြေကွဲခြင်း
မျက်ရည် ဆိုတဲ့ အချစ်ရဲ့အပြစ်ဒဏ်လို့ဆိုမလား
ဒါတွေဘဲ ငါရခဲ့တယ်။
အခုချိန်ငါစဉ်းစားကြည့်တော့
မင်းပေးခဲ့တာဘာလဲ
ငါဘဲတဖတ်သတ်ပါလားလို့
တွေးရတော့မယ်
မင်းဟာ
ငါတန်ဖိုးထားခဲ့သူ၊
ငါ့ကိုဝေခွဲမရဖြစ်စေသူ၊
ငါ့ကိုပြောင်းလဲစေခဲ့သူ၊
ခံစားမှုဆိုတာဘာလဲ သိစေခဲ့သူ၊
ကြေကွဲစွာ ရှုံးနိမ့်ခြင်းကို လည်း သိစေခဲ့သူ၊
နောက်ဆုံး
တချိန်က စိတ်တစ်ခုလုံးကို လွမ်းမိုးနိုင်ခဲ့သူပါလေ။
သည်လိုမျိုးငါ့ဘက်ကခံစားရတဲ့ မင်းအပေါ်ထားတဲ့
အချစ်အတွက်
မင်းဘက်က တုံပြန်မှု၊
တန်ပြန်သက်ရောက်မှုကိုလည်း
မမျှော်လင့်ပေမယ့်
ငါလည်း လူသားတစ်ယောက်ပေမို့
ငါ့မသိစိတ်က မင်းရဲ့
သိနားလည်ပေးမှုတစ်ခုကိုတော့
ငါလိုချင်မိခဲ့တယ်။
ငါသိပါတယ် မင်းရင်ထဲမှာ ငါဟာ
ဘယ်နေရာမှာ ဆိုတာကို။
ငါ့အတွက် မင်းဟာ ပထမဦးဆုံးနေရာမှာ
ရှိခဲ့ပေမယ့်
မင်းအတွက်တော့ ငါဟာ မြူတစ်မှုန်လောက်တောင်
ခပ်ရေးရေးဖြစ်ပါ့မလား။
အားလုံးပြီးဆုံးသွားခဲ့သော်လည်း
ဘယ်အရာမဆို ဖြစ်ပြီးခဲ့ကြပေမယ့် သူနဲ့ပက်သက်တဲ့
အကျိုး၊ အပြစ်တစ်ခုခု(အနည်းနဲ့အများ)
ကျန်ရှိနေခဲ့ဦးမယ်မဟုတ်လား။
ငါရင်မှာလည်းထို့အတူဘဲမို့
မင်းအပေါ်ထားခဲ့ဖူးတဲ့ အချစ်ရဲ့ သက်ရောက်မှုကလည်း
တစ်ခန်းရပ်ခဲ့ပေမယ့်……………..။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့