Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 26 March 2012

တရုတ်လိုရှာ ..ကုလားလိုစု..ဗမာလို မဖြုန်းနဲ့ ...

တရုတ်လိုရှာ ..ကုလားလိုစု..ဗမာလို မဖြုန်းနဲ့ ....
ဒီစာချိုးကို ငယ်ငယ်လေးကတည်းက ကြားဖူးနေတာ ... ဘယ်သူ စခဲ့တာလဲဆိုတော့ မေးမရပြန်ဘူး ...
ဒါပေမယ့် .. ခုချိန်ထိ.. မှန်နေသလိုပဲ .. ခံစားရတယ်ဗျာ... တကယ်ပါဗျာ..
ကိုယ့်လူမျိုး အကြောင်း ကိုယ်ပြောရမှာ ... အားနာပါးနာ အားမလို အားမရ နဲ့...မခံချင်လွန်းလို့ပါ ...

ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြန်တော့ ...

အောင်မြင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေထဲမှာ ... မိုးကျရွှေကိုယ် မြန်မာအုပ်စုကို ဘေးဖယ်ထားလိုက်ရင်
ကျုပ်တို့ မြန်မာတွေက လက်ချိုးရေးလို့ရမယ် ထင်ပ ... ကွမ်းယာဆိုင်၊ အကြော်ဆိုင် ကစလို့ ... ကုမ္ပဏီကြီး
တွေမှာလဲ ထိပ်တန်းစာရင်းဝင်ပြီး စီးပွားဖြစ်နေကြတဲ့အထဲမှာ မြန်မာတွေက အနည်းအကျဉ်း ....
အများစုက လူမျိုးခြားတွေ လို့ ဆိုခဲ့ရင် မလွန်ဘူးလို့ ဆိုရမလားပဲ ...

တစ်နေ့ကပါ ... ဘုန်းကြီးကျောင်း တစ်ပါးကျောင်းဆောင်လှူမယ့် သူငယ်ချင်းနဲ့ မန္တလေးမှာ လိုအပ်တဲ့ ပစ္စည်း

တွေ လိုက်ဝယ်တာ... ဖြစ်ချင်တော့ လမ်းမှာက ကားကနှာစည်းသွားလို့ မန္တလေးအ၀င် နောက်ကျတယ်ဗျာ...
ဘုန်းကြီးကျောင်းဆောင်အတွက် လိုအပ်တာလိုက်ဝယ်ရင်းနဲ့ အိမ်ဆောက်ပစ္စည်းဆိုင်ရောက်တော့ ည(၈)နာရီ
ထိုးလုပြီ... ကိုယ်မူရင်းစိတ်ဓာတ်ကိုက မြန်မာ အချင်းချင်း အားပေးမယ်လို့ အားခဲထားတာ .. ဒါနဲ့ မြန်မာပိုင်တဲ့
အိမ်ဆောက်ပစ္စည်းဆိုင်ကြီးကို ရောက်သပေါ့ ... ဘုန်းကြီးရေးပေးလိုက်တဲ့ ပစ္စည်းအမှာအညွန်းစာရွက်ထုတ်ပြ
လိုက်ကာမ အမယ်တွေများလို့ မပြီးနိုင်ကြောင်း. .နောက်ရက်မှ လာဝယ်ပါလို့ ဆိုသဗျာ ... တောင်းတောင်း
ပန်ပန် နဲ့ ကျွန်တော်တို့က နယ်မြို့ကလာရတာမလို့ အလုပ်ပြီးချင်လို့ပါ .. ညမအိပ်ချင်လို့ ရောင်းပေးဖို့ ပြောတာ
ဆိုင်ပိတ်ချိန်နီးနေလို့ မရောင်းနိုင်ဘူးတဲ့ဗျာ.... ကျုပ်တို့ကိုယ်က ဆိုင်ပိတ်ချိန်ကြီး သွားဝယ်မိတာကိုး ....

ဖြစ်ချင်တော့ ကျုပ်တို့အားလုံးရဲ့ ဆန္ဒက ညမအိပ်ချင်ဘူး .. ပစ္စည်းတွေလဲ တပါတည်း အစုံအလင်ပါသွားချင်တယ်..

ဒါနဲ့ဘဲ ..စိတ်ပျက်လက်ပျက် ကျုပ်တို့တစ်တွေ ထွက်လာကြပြီး... လူမျိုးခြားဆိုင်ကြီးတစ်ဆိုင်ကို တွေ့ပါလေရော..
သူတို့လဲ ဆိုင်ပိတ်ဖို့ စိုင်းပြင်းနေကြပြီ.. ဒါနဲ့ ..မထူးပါဘူးကွာ .. သွားမေးကြည့်ရအောင်ဆိုပြီး ...ထုံးစံအတိုင်း
ဘုန်းကြီးကျောင်း တစ်ပါးကျောင်းဆောင်အတွက် လိုအပ်ပစ္စည်းထုတ်ပြတော့ ... အစတော့ .သူတို့လဲ .. အမယ်တွေ
များလို့ အချိန်ပေးမှရမှာ... ဆိုင်ပိတ်ချိန်ဖြစ်လို့ ..မနက်မှလာပါလို့ဘဲ ဆိုတာပါပဲ... ဖြစ်နိုင်ရင် ရောင်းပေးပါ ..
ကျွန်တော်တို့က ညမအိပ်ချင်လို့ပါဆိုတော့ ... လူမျိုးခြား ပိုင်ရှင်ဖြစ်သူက ဘုန်းကြီးကျောင်းကိုလှူမှာလား မေးသဗျာ ..
ဟုတ်တယ်ပေါ့ ... ဒါနဲ့ ..သူ့လုပ်သားတွေ အားလုံးကို အလုပ်မဆင်းသေးဖို့ ပြောပြီး...လုပ်သားတွေကို စုလိုက်တယ်..
လုပ်သားတွေ ကြည့်လိုက်တော့ မြန်မာကလေးတွေ... ကဲ .. ဘုန်းကြီးကျောင်းအတွက်ဖြစ်နေတယ်.. မင်းတို့လဲ
ကုသိုလ်ရပါတယ်ကွာ .. တစ်ယောက်ကို တစ်မျိုးတာဝန်ယူ ... တစ်ယောက်က ကြီးကြပ် .. အဆင်ပြေအောင်
လုပ်ပေးလိုက် ဆိုလိုက်တာ ..ခဏပါပဲ ..အားလုံးပြီးပြည့်စုံသွားတယ် ... လူမျိုးခြားဖြစ်သော်ငြားလည်း တချို့ ကို
လှူလိုက်သေးတယ်...
(ဒီနေရာမှာ မြန်မာဆိုင်ကိုညွန်းလိုက်တဲ့ လောလောဆယ်မှ ၀ယ်ယူထားတဲ့ ပစ္စည်းဈေးနှုန်း နဲ့ အခု လူမျိုးခြား
ဆိုင်က၀ယ်တဲ့ ပစ္စည်းဈေးနှုန်း တိုက်ဆိုင်လိုက်တော့ လူမျိုးခြားဆိုင်က သက်သာနေသေးဗျာ ....)

ဒီအဖြစ်အပျက်လေးဖြစ်လိုက်တော့ ...

တချိန်က ရဲရဲတောက် တိုက်ပွဲဝင်သွားကြတဲ့ ဓမ္မကထိကတွေကို သွားသတိရမိလိုက်တယ်ဗျာ...
မြန်မာဆိုင်တွေကိုပဲ အားပေးဖို့ ... လူမျိုးခြားဆိုင်တွေကို အားမပေးဖို့ ... တိုက်ပွဲဝင်ခဲ့ပေမယ့် ...
မအောင်မြင်ဘူးလို့ သုံးသပ်ရင် ရမယ် ထင်ပါတယ်...
ကျွန်တော် လူမျိုးရေး တိုက်ခိုက်ဖို့ တွန်းအားပေးနေတာ မဟုတ်ဘူးနော် ....
ဘာလိုပဲ ပြိုင်ပြိုင် ကျုပ်တို့ မြန်မာတွေကိုပဲ နိုင်စေချင်လို့ပါ....

တကယ့်လက်တွေ့မှာတော့ ...ယနေ့ အချိန်ကာလ .

.ပွင့်လင်း ယှဉ်ပြိုင်လာရတော့မယ့် ..နိုင်ငံတကာ ဈေးကွက် စီးပွားရေး စနစ်...
အားမနာတန်း ရိုးသားစွာ ၀န်ခံရရင် .. နိုင်ငံချင်း ယှဉ်ပြိုင်ဖို့ ဆိုတာ အသားထား ...
ကိုယ်ပြည်တွင်းမှာပဲ .. လူမျိုးခြား စီးပွားရေး လုပ်ရှင်များ နှင့် ယှဉ်ပြိုင်လိုက်ရင်..
ကွမ်းယာဆိုင်၊ အကြော်ဆိုင် ကစလို့ ... ကုမ္ပဏီကြီးတွေ အဆုံး ... ယှဉ်ပြိုင်မှုအဆုံးမှာ ကျုပ်တို့မြန်မာတွေ ရှုံးနေစဲပါ ...

ကျုပ်တို့မြန်မာတွေ..သင့်ရုံလုပ် ...တော်ရုံနေ..အချိန်တန်ရ ..ဘေးထိုင်ဘုကြနေလို့ မဖြစ်ပါတော့ပါ ...


တကယ်တန်းယဉ်ပြိုင်ပြီး အောင်မြင်ဖို့ဆိုရင် ..

လှေကြီးထိုး ရိုးရိုးမနေ ... များများလုပ်..နည်းနည်းပြော...
လူထက် အလုပ်ကို ဦးစားပေးမှ ဖြစ်မှာပါ...
တော်သလိုနေ... သင့်သလိုလုပ် .. နေလို့မဖြစ်တော့ပါ ...
ကိုယ့်လုပ်ငန်းရဲ့ အားနည်းချက်ကိုရှာ ...မှားနေရင် အချိန်မှီပြင် ..
ကိုယ့် ကိုယ် ကို အရင်ပြိုင် ... မနေ့က လုပ်ခဲ့တဲ့ အလုပ်ကို ..ဒီနေ့ လုပ်မဲ့ အလုပ်နဲ့ပြိုင် ...
လုပ်ဆောင်မှုတိုင်းမှာ တီထွင်ဆန်းသစ် .. အမြတ်အစွန်းကိုလည်း မျှအောင်ယူ .. စည်းကမ်းလဲရှိ ..
အသုံး/အဖြုန်းကို အလေးထား ... ၀ီရိယကို အားစိုက် .. ဆက်ဆံရေးမှာလည်း အလိုက်အထိုက် ..
ဝယ်သူအကြိုက်လိုက် ခဲ့ကြမယ်ဆိုရင် ....

ကျုပ်တို့အားလုံး ....

ယုံကြည်ထိုက်သူဖြစ်အောင် ... ရိုးသား
အားကိုးထိုက်သူဖြစ်အောင် ... ကြိုးစား
လေးစားထိုက်သူဖြစ်အောင် ..စင်ကြယ်
မနိုးပဲထ .... မခိုင်းပဲလုပ် .. ကျရင်ပြန်ကောက် ..ပျောက်ရင် ပြန်ရှာ ...
ပျက်နေရင်ပြင် ... ဗလဖွာ မသုံး .. အကြံဥာဏ်သုံး ... ၀ီရိယ လုံ့လ ထားကြမယ်ဆိုရင် ....

ဘာလိုပဲ ပြိုင်ပြိုင် ကျုပ်တို့ မြန်မာတွေ နိုင်ရမယ်ဗျာ ......


လေးစားစွာဖြင့် .....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့