Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 24 March 2012

(မမေ့နိုင်)

နင်ရယ် ငါရယ်
အစကတည်းက မသိခဲ့ရင်
သံယောဇဉ် ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ဘူး..........။

ပိတောက်တွေ မဝေခင်
ငုဝါတွေ အလှ ဆင်လို့
သင်္ကြန်ကို ကြိုနေတဲ့ အချိန်များ
ငါတို့ကို အဝေးမှာ ထားတယ်............။

ငုဝါတွေ ကြွေကာကြ
ပိတောက်တွေ ဝေဆာမှ
သင်္ကြန်ဆိုတဲ့ အခါစ
မြန်မာတို့ရဲ့ ဓလေ့ သဘာဝ
အဝေးရောက်နေလည်း ငါတို့ မေ့ကာမရ............။

မြင်တတ်မှာလား သူငယ်ချင်းရေ
ပိတောက်တွေ ဝေနေလည်း
ငါတို့တွေ လွမ်းနေဆဲပေါ့
ငုဝါတွေ ကြွေကြသလို
ငါတို့ရင်ထဲလည်း ငိုနေတာ.............။

ငုဝါတွေ အခါခါကြွေ
ပိတောက်တွေ အခါခါဝေလည်း
လက်ရှိ ငါတို့ နေထိုင်ဆဲ
မြန်မာပြည်တွင်းမှ မဟုတ်ပဲ............။

လောဘ မာယာတောမှာ
ငါတို့ သားကောင်အဖြစ် မျောနေတုန်း
ဝိဥာဉ်တွေ မကုန်ဆုံးခင်
သင်္ကြန် ကိုတော့ အရောက်ပြန်ချင်မိသေးတယ်.......။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့