Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 16 March 2012

★ ကွန်ပျူတာ Screen ကိုဓါတ်ပုံရိုက်မယ် ကွန်ပျူတာ Screen ပေါ်မှာစိတ်ကြိုက်Video မှတ်တမ်းတင်မယ် ♪♫

★ ကွန်ပျူတာ Screen ကိုဓါတ်ပုံရိုက်မယ် ကွန်ပျူတာ Screen ပေါ်မှာစိတ်ကြိုက်Video မှတ်တမ်းတင်မယ် ♪♫
=====================================
မင်္ဂလာပါဗျာ
မြို့တော်သူ မြို့တော်သား အားလုံး
အခုကျွန်တော် ဆော့ဝဲ တခု မိတ်ဆက်ပေးပါမယ်ဗျာ
အရင်က ဒီပို့စ်ကိုတင်ဖူးပြီးသားပါ  Keyမပါလို့ သုံးရတာအဆင်မပြေဘူး
Videoလည်းမှတ်တမ်းတင်မရဘူး အခုKeyနှင့်တကွတင်းပေးထားပါတယ်
ဒီဆော့ဝဲလေးကတော့ ကွန်ပျူတာ Screen နှင့် Right Click
မပေးသော ၀က်ဆိုဒ်တွေထဲက ပုံတွေကို လိုသလို ဓါတ်ပုံရိုက်ယူလို့ရတဲ့
ဆော့ဝဲလေးဖြစ်ပါတယ်ဗျာ အရမ်းသုံးရတာလွယ်ကူပြီး VZOချက်ရင်
တဖက်လူမသိအောင်Record မှတ်တမ်းတင်လို့ရတယ်ဗျ
ပြီးတော့ဆော့ဝဲ တခု ကို ရှင်းပြမယ်ဆိုရင်လည်း လမ်းညွှန်ဖို့အတွက်
ပုံလည်း ဆွဲလို့ရတယ်ဗျာ အသုံးပြုပုံ အနည်းငယ်ကို ကျွန်တော်ရှင်းပြ
ပါ့မယ်။ ကျွန်တော် အရင်က ကွန်ပျူတာကို ဓါတ်ပုံ ဘယ်လိုရိုက်ရမှန်း
မသိသေးခင်ကပေါ့ ၀ပ်ကမ်ကြီးနဲ့ ရိုက်တာ ဇောက်ထိုးထွက်လာတယ်ဗျ
ဟီးးး သူငယ်ချင်းတို့ ကျွန်တော့်လို မဖြစ်ရအောင် အောက်မှာ အသုံးပြုပုံ
ကြည့်လိုက်နော်.. ပြီးတော့ ဒေါင်းသွားပေါ့.....။
=======================================
ဆော့ဝဲပုံ
1- ကတော့ Screem တခုလုံး သို့မဟုတ် ၀က်စာမျက်နှာတခုလုံးကို ဓါတ်ပုံရိုက်တာပါ
2- ကတော့ ဘောက်စာ နှစ်ခုဖွင့်ထားရင် မိမိကြိုက်နှစ်သာရာကို ဓါတ်ပုံရိုက်တာပါ
3- ကတော့ မိမိ လိုချင်တဲ့ နေရာလေးကို သာရွေးပြီး ဓါတ်ပုံ ရိုက်တာပါ
4- မိမိလိုချင်တဲ့ နေရာ ဥပမာ အကွေးကောက်လေးတွေကို ဖျက်ယူဖို့ ဓါတ်ပုံရိုက်မယ်
5- ကတော့ Screem တခုလုံးအပြင် အပေါ်အောက်အစအဆုံးကို ဓါတ်ပုံရိုက်ပေးပါတယ်
6- ကတော့ 5 နဲ့ ဆင် တူရိုးမားလေးပါပဲဗျာ
7- ကတော့ Screem ကို မှတ်တမ်းတင်မယ် VZO ချက်တွေမှာ ခိုးပြီးမှတ်တမ်းတင်မယ်။
ဆော့ဝဲကို အရင်ယူလိုက်နော် ဒေါင်းရတာအဆင်ပြေအောင် လင့်ထုတ်ပေးထားပါတယ်
ဒေါင်းပြီးရင် Rum လိုက်
ဒီလိုမျိုးလေး ပေါ်လာခဲံ့ရင် မျှားပြထားတဲ့နေရာကို ကလစ်ပေးလိုက်ပါ
Key ထည့်ဖို့ ပေါ်လာမယ်
User Name = MUARE.ASIA
Registration Code = AXWQE-RQMXH-WHOBS-QNRUF
Key ထည့်ပြီးရင် Register ကို နှိပ်ပေးလိုက် ဒါဆို အေးဆေးသုံးလို့ရပြီ။
ပုံတပုံကို ဓါတ်ပုံရိုက်ပြီးပြီဆိုရင် အောက်က စာမျက်နှာကို ကြည့်လိုက်ပါ
1- က ပုံကို လမ်းညွှန်ဖို့အတွက် မျှားလေးတွေ နဲ့ စာရေးပြီးရှင်းဖို့ Dreaw
2- က ပုံကို Resize ဆိုဒ် ချိန်ဖို့ပါ(သေးနိုင်တယ် -ကြီးနိုင်တယ်)
3- ကတော့ ရိုက်ပြီးသားပုံကို မလိုချင်တဲ့ နေရာကို ဖျက်ပြီး Cut လုပ်ပေးတာပါ
4- ကတော့.. အစောက Cut လုပ်ထားတဲ့ ပုံကို Paste ပြန်ယူပေးတာပါ
5- ကတော့ ပြီးမြောက်ရင် Save မယ်ဗျာ သိမ်းဖို့ နေရာ တောင်းလိမ့်မယ်
ပုံဆွဲနည်း အသေးစိတ် ရှင်းပြပါအုံးမယ်ဗျာ
အပေါ်ပုံကတော့
ပုံ တခုခု ကို ရှင်းပြဖို့ အတွက် Draw ရေးဆွဲဖို့ ပါ
(A) ပုံလေးက စာရေးဖို့ အတွက်နေရာ ( Zawgyi Font မရပါ)
(မျှား) ပုံလေးကတော့ မျှားညွှန်ဖို့ပေါ့
(Image) ပုံလေးက နောက်ထပ် ပုံ ထည့် ချင်ရင် ယူတဲ့နေရာလေး
(x) ကတော့ မှားသွားတဲ့နေရာကို ကလစ်ထောက်ပြီး ဖျက်တာပါဗျာ...
ပုံ ဆွဲပြီးပြီ ဆိုရင် ညာဘက်အောက်ခြေက OK ဆိုတာလေး နှိပ်ပြီး
အပေါ်မှာ ပြထားတဲ့ 5 နဲ့ Save လိုက်ပြီ ဆိုရင် ရပါပြီဗျာ
အရောင်ကို လိုသလို ချယ်နိုင်ပါတယ်..။
Video မှတ်တမ်းတင်နည်း
အပေါ်မှာ ပြထားတဲ့ နံပါတ် 7 ကပုံလေးကို ကလစ်လိုက်
မိမိလိုချင်တဲ့ အနေထားကို ကလစ်လိုက် ပြီးရင် Record ကို နှိပ်ပေး
Start ကို နှိပ်လေးလိုက် မှတ်တမ်းတင်သွားပါလိမ့်မယ်
ရပ်တော့မယ်ဆိုရင်တော့
အမဲစက် ကလေးကို ကလစ်ထောက်လိုက်ပါ Save ဖို့ နေရာတောင်းပါမယ်
သိမ်းချင်တဲ့နေရာရွေးပီး Save လိုက်ရုံပါပဲဗျာ.....။
ကဲ အားလုံး အဆင်ပြေကြပါစေလို့ ဆန္ဒပြုခဲ့ပါတယ်ဗျာ

ကြိုးစားပါအုံးမည်
လျှိုဝှက် ဥယျာဉ် .♪♫

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့