Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 25 March 2012

သင်ဘယ်လိုလူမျိုးကို ချစ်နိုင်သလဲ...

ဘာအကြောင်းလဲဆိုတော့ .. … ခင်ဗျားတို့ … စိတ်ဝင်စားကြမှာဘဲနော် … အိုကေ … ဒါဆိုရင် …
ကျွန်တော် …မေးခွန်းလေးတွေမေးမယ် …

multiple choice … ပေါ့ . . . စိတ်ရှည်ရှည်လေးဖြေကြည့် နော် .. .. အကျိုးရှိတယ်ဆိုတာ နောက်တော့
သိပြီး သဘောကျသွားမယ်နော်…အဲဒါတော့ … one … two … three … ရွေးရုံလေးပါ … ပြီးရင် …
အမှတ်ပေးမယ် … ပြီးရင် အားလုံးကို ပြန်ပေါင်း … … မေးခွန်းက ခြောက်ခုပေါ့ … အမှတ်တွေပေါင်းပြီးရင် …
 ကိုယ်ကဘယ်လိုချစ်သူမျိုး … ရနိုင်မလဲဆိုတာ … သိကြရမယ်
… ကဲ … စလိုက်ကြရအောင် …

 (၁) … သင်လိုချင်တဲ့ ချစ်သူရဲ့ ရုပ်ရည်သွင်ပြင် …

က)… သိပ်ချော သိပ်လှရမယ် …
ခ) … ကြည့်ကောင်းရင်ပြီးတာပါဘဲ
ဂ)… ဒါတွေက အရေးမကြီးပါဘူး

(၂) … သင်လိုချင်တဲ့ ချစ်သူရဲ့အရည်အချင်း …

က) … ဘာမဆိုစွမ်းဆောင်နိုင်ရမယ်
ခ) … အေးချမ်းတဲ့ ဘ၀လေး ဖန်တီးနိုင်ရမယ်
ဂ) … ကိုယ့် အတွက် အမြဲတမ်း HERO ပေါ့

(၃) … ဒီလိုဖြစ်နေစေချင်တယ်

က) … အမြဲတမ်း ကိုယ့်အတွက် အဆင်သင့်
ခ) … ဘာဘဲဖြစ်ဖြစ် နားလည်ပေးရမှာပေါ့
ဂ) … စိတ်ချင်းဆက်နေတယ်

(၄) … သူ့ရဲ့မိသားစု နဲ့ ယှဉ်ရင်

က) … ကိုယ်က နံပါတ်စဉ် တစ်ပေါ့
ခ) … ဟိုဘက် ဒီဘက် ညီညီမျှမျှပေါ့
ဂ) … နားလည်ပေးရမှာပေါ့လေ

(၅) … သူနဲ့လက်ထပ်ဖြစ်ပြီးရင်တော့

က) … တိုက်ကြီးကြီး ကားအကောင်းစားကြီးနဲ့နေချင်တယ်
ခ) … သီးသီးသန့်သန့် အေးအေးချမ်းချမ်းလေး နေချင်တယ်
ဂ) … မိဘတွေနဲ့အတူတူပေါ့

( ၆ )… လက်ထပ်ပြီး ရေရှည်မှာ

က) … အရင်လိုဘဲ ကိုယ့်ကို ဦးစားပေးရမှာပေါ့
ခ)… သူ့ဦးဆောင်မူ့ အောက်မှာဘဲနေတော့မယ်လေ
ဂ) … ညှိညှိနိုင်းနိုင်းနဲ့ နေကြရမှာပေါ့

ကဲ အားလုံးရွေးပြီးသွားရင် .. ကျွန်တော်ပြောတဲ့အတိုင်း အမှတ်တွေပေါင်းလိုက်ရအောင်နော် . . .
… က)… ကိုရွေးရင် … တစ်မှတ် … ခ) … ကိုရွေးရင် … နှစ်မှတ် … ဂ) … ကိုရွေးရင် … သုံးမှတ်ပေါ့
… မေးခွန်း ၆ ခု စလုံး က အမှတ်တွေကို ပေါင်းပြီးရင် … ဘယ်နှစ်မှတ် ရသလဲ ဆိုတာ ကိုယ့်ဘာသာ
အဖြေရှာကြည့်လိုက်ရအောင်နော် . အဖြေတွေက ( ၃ ) မျိုးပါ
… ၈ မှတ် အောက် … ၈ မှတ်နဲ့ ၁၂ မှတ်ကြား … ၁၄ မှတ်နဲ့ အထက် … တွေပါ …

၈ မှတ်အောက်ရသူတွေ

… သူတို့ဟာ တစ်ကိုယ်ကောင်းဆန်ပြီး နဲနဲလောဘ ကြီးတတ်တဲ့ ချစ်သူမျိုးနဲ့ ဆုံရတတ်ပါတယ်တဲ့ …
အတ္တလဲကြီးတတ်ကြတယ် … မိမိသာ ပထမ ချစ်သူက ဒုတိယလို့ သဘောထားတတ်ကြသူတွေ လိုမျိုး
ပေါ့ … ကိုယ့်ရဲ့ စိတ်ခံစားချက်ကိုသာ ရှေ့တန်းတင်တတ်ကြပါသတဲ့ .. လက်တွေ့ဆန်သူများလို့လဲ
ပြောရင်ရမလားပေါ့ … … ကိုယ်ရမယ့်ချစ်သူရဲ့ ပုံစံကို ပြောတာ

၈မှတ် နဲ့ ၁၂မှတ် ကြား

… သူတို့တွေကတော့ မှန်လိုချစ်သူမျိုး ရတတ်ကြပါတယ်တဲ့ … ကိုယ်ပြုံးရင်ပြန်ပြုံးပြမယ် …
ကိုယ်မဲ့ရင်ပြန်မဲ့ပြမယ်ပေါ့ … အရမ်းလဲ ကိုယ့်အပေါ်မဆိုးသလို … သိတ်ပြီးတော့လဲ … မကောင်းပြန်ဘူး …
အဓိက ကတော့ ကိုယ်ပေးနိုင်သလောက်ဘဲ … ပြန်ရမယ့် ချစ်သူမျိုးပေါ့ …အရမ်းတော့လဲ မျှော်လင့်ချက်
ထားလို့ မရတတ်ဘူး …

၁၄မှတ် နဲ့ အထက်

… မိတ်ဆွေ ခင်ဗျား အရမ်းကို ပျော်လိုက်ပါတော့ … ကံကောင်းခြင်းတွေနဲ့ အတူ … ချစ်သူတစ်ယောက်
ခင်ဗျားဆီကို … ရောက်လာပါလိမ့်မယ် … မိတ်ဆွေ … အစစ အရာရာ သည်းခံတတ် … အနစ်နာခံတတ်
တဲ့ချစ်သူ … ခပ်သိမ်းသော … အရာအားလုံးထက် … ပိုပြီး … ကိုယ့်ကို ချစ်မယ့် သူ တစ်ယောက် …
မိတ်ဆွေ … ရနိုင်ပါလိမ့်မယ် … … နေရောင်ခြည်ကဲ့သို့ … ကိုယ်ဘ၀ကို … နွေးထွေးစေမယ့် ချစ်သူမျိုးပေါ့
 … ခင်ဗျားရဲ့ ဘ၀တစ်လျှောက်လုံးမှာ … ဂရုတစိုက်နဲ့ … စွဲစွဲနစ်နစ် … နဲ့ … သူက … ခင်ဗျားကို
ချစ်သွားပါလိမ့်မယ် …

ကဲ .. သင်ကဘယ်လိုချစ်သူမျိုးတွေ့နိုင်တယ်ဆိုတာ ခန့်မှန်းလို့ရပြီထင်ပါတယ် အားလုံး … ချစ်တိုင်းလဲ
ညား … ညားတိုင်းလဲ ချစ်နိုင်ကြပါစေ …


အားလုံးကိုပြန်ရှယ်လိုက်ပါတယ်..

အားလုံးကိုခင်မင်စွာဖြင့်....

1 comment:

hlyothwetuyin said...

သင့်ကရော...ဘယ်လောက်ရပါသလဲ...ရေးခဲ့နော်....

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့