Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 25 March 2012

ဝိဇ္ဇာရှစ်ပါး

ဝိဇ္ဇာရှစ်ပါး
ထူးထူးခြားခြား သိမြင်သောဉာဏ်ကို ၀ိဇ္ဇာဉာဏ်ဟု ခေါ်သည်။ ၎င်းဝိဇ္ဇာဉာဏ်သည် အောက်ပါအတိုင်း ဖြစ်သည်။ -

၁။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်

ရှေးရှေးသော ဘ၀များစွာတို့၌ ဖြစ်ခဲ့ဖူး နေခဲ့ဖူးသည်တို့ကို မြတ်စွာဘုရားသည် စကြ၀ဠာကမ္ဘာအနန္တတို့၌ တွေ့ကြုံခံစားဖူးသော ခန္ဓာအမျိုးအမည်အားလုံးကို သိမြင်တော်မူ၏။


၂။ ဒီဗ္ဗစက္ခုဉာဏ်တော်

နတ်တို့၏ မျက်စိကဲ့သို့ဖြစ်စေ၊ နတ်တို့၏ မျက်စိထက် သာလွန်၍ဖြစ်စေ ဝေးသော အရပ်တို့၌ တည်ရှိကြသော ကြီးမား၊ သေးငယ်သော အရာဝတ္ထုအားလုံးတို့ကို ရှင်းလင်း ပြတ်သားစွာ သိမြင်နိုင်သော ဉာဏ်တော်၊
ယင်းဉာဏ်တော် မြတ်စွာဘုရားသည် စကြ၀ဠာ ကမ္ဘာအနန္တတို့၌ ရှိကြသော ထိုထိုသတ္တ၀ါ၊ စုတေခါနီး သတ္တ၀ါ၊ ပဋိသန္ဓေနေပြီးစ သတ္တ၀ါ၊ ဖြစ်လတ္တံ့သော သတ္တ၀ါအမျိုးမျိုးနှင့် ၎င်းသတ္တ၀ါ အမျိုးမျိုးတို့၏ ကုသလိုလ်ကံ အကုသိုလ်ကံတို့ကို သိမြင်တော်မူ၏။


၃။ အာသ၀က္ခယဉာဏ်တော်

အာသဝေါတရားတို့ အကြွင်းမဲ့ ကုန်ရာကုန်ကြောင်းဖြစ်သာ အရဟတ္တမဂ်ဉာဏ်၊
အာသဝေါတရား ဟူသည် အရက်ကဲ့သို့ မှားယွင်းစေတတ်၏။ အာသဝေါတရားလေးပါးရှိရာတွင် ကာမာသ၀ က တပ်မက်ဖွယ်မဟုတ်သော သင်္ခါရတရားများကို တက်မက်ဖွယ်ဖြစ်အောင် ဖန်တီးတတ်၏။ ဘ၀ါသ၀ က ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်တေသာ သင်္ခါရတရားတို့ကို ပုဂ္ဂိုလ်သတ္တ၀ါဖြစ်အောင် ဖန်တီးတတ်၏။ ဒိဋ္ဌာသ၀ က အမှန်ကို အမှား၊ အမှားကို အမှန်အဖြစ် မြင်တတ်၏။ အ၀ိဇ္ဇာသ၀ က အမှားကို အမှန်၊ အမှန်ကို အမှား အဖြစ် မြင်အောင် ဖော်ဆောင်တတ်၏။ အမှားကို အမှားအဖြစ်၊ အမှန်ကို အမှန်အဖြစ် မမြင်အောင်လည်း ဖုံးတတ်၏။
မြတ်စွာဘုရားသည် အာသ၀က္ခယဉာဏ်တော်ဖြင့် အာသဝေါတရားလေးပါးတို့ကို ၀ါသနာနှင့်အတကွ အကြွင်းမဲ့ကုန်အောင် ပယ်တော်မူ၏။
၎။ ၀ိပဿနာဉာဏ်တော်

ရုပ် - နာမ်သဘောတရားတို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုမရခြင်းကို ကွဲကွဲပြားပြား ရူမြင်တတ်သော ဉာဏ်တော်၊
မြတ်စွာဘုရားသည် ဤဉာဏ်တော်ဖြင့် သတ္တ၀ါတို့၏ ခန္ဓာကိုယ်၌ ရုပ်နှင့် နာမ်သာရှိသည်။ ရုပ် နာမ်ဟူသမျှသည်လည်း ဖြစ်ပြီးလျှင် ပျက်စီးသော သဘောရှိ၍ အမြဲမရှိ၊ အမြဲမပြတ် ဖြစ်ပျက်နေသည့် အတွက် ဆင်းရဲ၏။ မိမိဖြစ်ချင်သည့်အတိုင်း မဖြစ်ဘဲ သူ့သဘော သူဆောင်ကာ ဖြစ်ပျက်နေခြင်းကြာင့် မိမိအလိုကျမဖြစ်၊ အစိုးမရ ဟု မြင်တော်မူ၏။


၅။ မနောမယိဒ္ဓဉာဏ်တော်

မိမိ၏ ကိုယ်ခန္ဓာအတွင်း၌ မိမိနှင့် တူသော ကိုယ်ပွားတစ်ခုကို စိတ်ဖြင့် ဖန်ဆင်းနိုင်သော ဉာဏ်တော်၊
မြတ်စွာဘုရားသည် ယင်းဉာဏ်တော်ဖြင့် ပါဒကဈာန်ကို ၀င်စားပြီးနောက် ဖြစ်လာသောအခါ နောက်တစ်ဖန် ပါဒကဈာန်ကို ၀င်စားပြီးလျှင် မိမိ၏ ပကတိကိုယ်ခန္ဓာကို မပယ်ဖျောက်ဘဲ မိမိနှင့် အလားတူ ကိုယ်တစ်မျိုးကို ဖန်ဆင်းတော်မူနိုင်၏။


၆။ ဣဒ္ဓိဝိဉာဏ်တော်

မြေလျှို မိုးပျံခြင်း စသော တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းနိုင်သော ဉာဏ်တော်၊
မြတ်စွာဘုရားသည် ဤဉာဏ်တော်ဖြင့် အနည်းကို အများ၊ အများကို အနည်းဖြစ်အောင်၊ အနီးကို အဝေး၊ အဝေးကို အနီးဖြစ်အောင်၊ ဖုံးကွယ်နေသည်ကို ထင်ရှားအောင်၊ ထင်ရှားသည်ကို ဖုံးကွယ်အောင် ဖန်ဆင်းနိုင်၏။ မြေထုတွင်းသို့လည်း ငုပ်လျှိုးနိုင်၏။ မိုးပေါ်သို့လည်း သွားလာနေထိုင်လျောင်းစက်နိုင်၏။ အလိုတော်ရှိရာ ပုံသဏ္ဌာန်အမျိုးမျိုါ်ကိုလည်း ဖန်ဆင်းတော်မူနိုင်၏။


၇။ ဒိဗ္ဗသောတဉာဏ်တော်

နတ်တို့၏ နားကဲသို့ဖြစ်စေ၊ နတ်တို့၏ နားထက် သာလွန်၍ဖြစ်စေ ဝေးသောအရပ်၌ ပြောဆိုကြသော ကျယ်သောအသံ၊ တိုးညှင်းသောအသံ စသော အသံအမျိုးမျိုးကို ကြားသိနိုင်သော ဉာဏ်တော်၊
မြတ်စွာဘုရားသည် ဤဉာဏ်တော်ဖြင့် စကြ၀ဠာအနန္တ၌ ရှိကြသော သတ္တ၀ါတို့ပြောဆိုနေကြသော အသံအမျိုးမျိုးကို ကြားသိတော်မူနိုင်၏။


၈။ စေတောပရိယဉာဏ်တော်

သူတပါးတို့၏ စိတ်ကူး အကြံအစည် အားလုံကို ပိုင်းခြား၍ သိနိုင်သော ဉာဏ်တော်၊
မြတ်စွာဘုရားသည် ဤဉာဏ်တော်ဖြင့် သတ္တ၀ါတို့၏ အဇ္ဈတ္တသန္တာန်၌ ဖြစ်ပေါ်နေသော စိတ်ကူးအကြံအစည်အားလုံးကို သိမြင်တော်မူ၏။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့