Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 18 March 2012

ရယ်စရာ ဟာသလေးများ (၂)

    “အမလေး ရှင်မပြန်သေးဘူးလား

   အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက်က သူ့ရဲ့ Small လေးဆီကို အလည်သွားပါတယ်။ သူ့ရဲ့ small လေးကလဲ
သူ့ကိုတွေ့တိုင်း Small လေး။ ။“ရှင့်ရဲ့ ပသိုင်းမေါးတွေကို ရိတ်လိုက်ပါလား ရှင်။ဒါမှရှင်ရဲ့ အင်မတန်ခန့်ညားတဲ့ကျွန်မ
ကောင်းကောင်းကြီးခံစားလို့ရမှာ အမျိုးသား။ ။“ငါ့အိမ်က အဖွားကြိးက အဲ့ဒီအမွေးကို ကြိုက်တယ်ဟ။ ငါ့သာအဲ့ဒီ ပသိုင်း
မွေးကို ရိတ်လိုက်ရင် ငါ့ကိုသတ်မှာ။ ဒါဆိုချစ်လေးနဲ့ဝေးပြီ...

Small လေး။ ။“တိုတိုကလဲ ရိတ်လိုက်ပါ ချို အဟွန့် အဟွန့်“
Small လေးရဲ့ အချွဲကောင်းမှုကြောင့် ထိုအမျိုးသားလဲ သူ့ရဲ့ ပသိုင်းမွေးကို ရိတ်လိုက် ပါတယ်..။

အဲဒီညမှာပဲသူက ကျောပေးပြီးအိပ်နေသော သူ့မယားကြီးခုတင်ပေါ်ကိုတိတ်တိတ်လေးတက်ပြီးလလြိုက်စဉ်။ မယား
ကြီးက ရုတ်တရက်နိုးလာပြီးလှည့်မကြည့်ပဲသူ့ရဲ့ မျက်နှာကိုပွတ်သတ်အာရုံခံလိုက်ခါ “အမလေး ရှင်မပြန်သေးဘူးလား
“။ခဏနေရင် အိမ်ကနွားကြီး ပြန်လာတော့မှာနော်...။



“မဖြစ်နိုင်ဘူး”

   တခါက လူတယောက်က ဧည့်ခနန်းထဲမှာ တီဗွီထိုင်ကြည့်နေတယ်..အဲဒီအချိန်တံခါးခေါက်သံကို သူကြားလိုက်
တယ်.. ပြန်မေးလိုက်တယ်..“ဘယ်သူလဲ” အပြင်က ပြန်ဖြေတယ်။ “ငါပဲ”အထဲက လူအရမ်းလန့်သွားတယ်..
သူမှန်ရှေ့ကိုပြေးပြီးသွားကြည့်လိုက် တယ်..မှန်ထဲမှာ သူ့အရိပ်ကိုသူမြင်နေရတယ်...ဒီတော့မှပြန်အော်ပြောလိုက်
တယ် “မဖြစ်နိုင်ဘူး....ငါကဒီမျာရှိနေတာပဲဟာ”



“တိုက်ထည့်လိုက်မလို့...”

   မစ္စတာ bean ရထားမောင်းတယ်..တစ်နေ့တော့ သူမောင်းတဲ့ရထားက လမ်းချော်ပြီးလယ်ကွင်းထကျြသါားလို့
ရထားစိးတဲ့လူတွေ ဒဏ်ရာရကုန်တယ်..မီးရထားက အရာရှိက သူ့ကိုခေါ်ဆူတယ်...

   “ရထားမောင်းတယ်ဆိုတာ လူအများကြီးရဲ့ အသက်ကို မင်းလက်ထဲမှာထည့်ပြီးမောင်းရတာ..မင်းဘာလို့
ဒီလောက်တာဝန်မဲ့ရတာလဲ”

မစတာbean ကဖြေတယ်..
   “မဟုတ်ပါဘူးဆရာ...ကျွန်တော်ဒီနေ့ရထားမောင်းလာတဲ့လမ်းမှာ လူတစ်ယောက်လဲအိပ်နေတယ်..ကျွန်တော်
အဝေးကြီးကနေဥသြ တခါဆွဲတယ်...သူမထဘူး နောက်တခါ ထပ်ဆွဲတယ်...သူမထဘူး..နောက်တခါဆွဲတယ်..
သူမထဘူးခင်ဗျ...

   အဲဒါနဲ့..အရာရှိကပြောတယ်...သူမထလဲတက်ကြိတ်လိုက်ပေါ့..ကွာ လူတယောက်ထဲအသက်ကိုငဲ့ပြီး...လူအများကြီး
ရဲ့အသက်ပါတဲ့ရ ထား ကိုလယ်ကွင်းထဲထိုးချလိုက်တော့ဘယ်ကောင်းမလဲ...Bean ပြန်ဖြေတယ်..။

   “ဟုတ်တယ် ကျွန်တော်လဲတိုက်တော့မယ်လို့ဆုံးဖြတ်ပြီး ရထားကိုသူ့နားမောင်းလာတဲ့အခါမှာ သူက
လယ်ကွင်းထဲဆင်းပြေးသွားလို့... ပါ”




“ဒီလိုမေးရတယ်ကွ”

   ရွာတစ်ရွာမှာ အိမ်ထောင်စုစာရင်းကောက်ဖို့..မောင်“အ ”ကိုရွာလူကြီး က တာဝန်ပေးလိုက်တယ်... “လွယ်ပါတယ်
ကွာ..မင်း တအိမ်တက် တအိမ်ဆင်း အိမ်ထောင်စုစရင်းကောက်ဖို့ပါလို့ပြော အိမ်ထောင်ရှိလား ကလေးရောရှိလား
ယောက်ကျားလေး ဘယ်နှယောက်လဲ မိန်းကလေးဘယ်နှယောက် အဲ့လိုမေးပြီး ဒီစာအုပ်ထဲမှတ်ရုံပဲ”

   မောင်“အ” အိမ်တအိမ်ဝင်သွားတယ်. ကောင်မလေးတစ်ယောက်ထွက်လာတယ်.. မောင်“အ” ပြောလိုက်တယ်.....
မောင်“အ“က မေးတယ်.. အိမ်ထောင်စုစရင်းကောက်မလို့..မင်းဒီအိမ်ကလား....ဟုတ်တယ်...မောင်“အ”က မေးတယ်..
အိမ်ထောင်ရှိလား.. မရှိပါဘူး...။ ဒါဆိုကလေးရော ဖြန်း ဖြန်းဖြန်းဖြန်းးးးးးးး မောင်“အ” ကိုကောင်မလေး ပါးရိုက်ပြီး
အိမ်ထဲပြန်ဝင်သွားတယ်...။

   မောင်“အ” ကလည်း ရွာလူကြီးဆီ ပြန်လာပြီးပြောတယ်.. ရွာလူကြီးကပြောတယ်....အေးပေါ့ကွာ အိမ်ထောင်မရှိပါ
ဘူးပြောတာ ကလေး ဘယ်ရှိမှာလဲ ဒီတခါ ကလေးရှိလားအရင်မေး.. ကြားလား...မောင်“အ” ပြန်ထွက်လာတယ်...
အိမ်တအိမ်ကိုဝင်တယ်..အဘွားကြီးတစ် ယောက်ထွက်လာတယ်..အဘွားကြီးကိုတွေ့တော့ သူပြောတယ်..
“အိမ်ထောင်စုစရင်းကောက်မလို့ အဘွားဒီအိမ်ကလား” အေး “အင်း အဘွားကလေးရှိလား” အေးရှိတယ်.. ၆ယောက်
”ဒါဆိုအိမ်ထောင်ရော”ဖြန်းးးးးးးးးးဖြန်းးးးးးးးးးဖြန်းးးးးး” အဘွားကြီးအိမ်ထဲပြန်ဝင်သွား တယ်...”



“ဘယ်မှာလဲ”
   လူတစ်ယောက်က အလွန်အမင် သွားကိုက်နေတယ်..သူ့ကို အိမ်နီးချင်းလူတယောက်ကပြောတယ်..
ကျွန်တော်ကတော့ဗျာ သွားနာနေတုန်း ကကျွန်တော့မိန်းမက အာဘွားပေးလိုက်တာတခါတည်းကို သက်သာ
သွားရောဗျို့... ခင်ဗျားလဲ အဲ့လို လုပ်ကြည့်ပါလား “သွားကိုက်နေတြ့လူ ဝမ်းသာအားရမေးတယ်...
“ဟာ ဟုတ်လား ခုခင်ဗျားမိန်းမ ဘယ်မှာလဲ”




   အားလုံးကိုလေးစားစွာဖြင့်...လျှိဝှတ်ဥယျာဉ် ·

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့