Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 18 March 2012

^^ မရိုးဖြောင့်သူရဲ့ သောက ^^

တစ်ခါကပေါ့.. ဂျယ်လီလေးတွေကို နှစ်သက်လွန်းလို့ ပုံစံမျိုးစုံသောဂျယ်လီလေးတွေကို
သိမ်းဆည်းထားတတ်တဲ့ကောင်မလေးတယောက်နှင့် ခရုလေးတွေကို နှစ်သက်မြတ်နိုးလွန်းလို့ 
စုဆောင်းထားတတ်တဲ့ ကောင်လေးတယောက်ရှိသတဲ့..။
တနေ့ မှာတော့ အဲဒီကောင်လေးနဲ့ ကောင်မလေးတွေ့ ဆုံကြပါတယ်။
အဲဒီအခါမှာ ကောင်မလေးက ကောင်လေးရဲ့ ချစ်စရာကောင်းတဲ့ခရုလေးတွေကိုမြင်တော့အရမ်းကို
လိုချင်မိသွားပါလေရော..ကောင်လေးကလည်း ကောင်မလေးစုဆောင်းထားတဲ့ပုံစံမျိုးစုံနဲ့ 
ဂျယ်လီလေးတွေကိုစားချင်စိတ်တွေဖြစ်ပေါ်လာခဲ့သတဲ့။
အဲဒီလိုနဲ့  ကောင်လေးနဲ့ ကောင်မလေးတို့ သဘောတူညီမှုတခုလုပ်ခဲ့ကြတယ်။
အဲဒါကဘာလဲဆိုတော့ ကောင်မလေးမှာရှိတဲ့ ဂျယ်လီလေးတွေနဲ့ ကောင်လေးဆီက ခရုလေးတွေ
လဲလှယ်ကြဖို့ ပါပဲ။
နှစ်ယောက်လုံးသဘောတူညီမှုရပြီးတော့ကောင်မလေးကလည်းသူ့ မှာရှိသမျှဂျယ်လီလေးတွေနဲ့ 
ကောင်လေးကလည်း သူ့ ရှိသမျှခရုလေးတွေ လဲလိုက်ကြတယ်။
ညဘက်ရောက်တဲ့အခါမှာ ကောင်မလေးကသူလိုချင်တဲ့ခရုလေးတွေရရှိသွားတော့ပျော်ရွှင်စွာနဲ့ 
အိပ်စက်သွားခဲ့သတဲ့ကွယ်။
အင်း..ဒါပေမယ့် ကောင်လေးကတော့ ကောင်မလေးဆီကသူလိုချင်တဲ့ဂျယ်လီလေးတွေရပြီးစားခဲ့ရပေမယ့်
အိပ်မပျော်နိုင်ဖြစ်နေခဲ့တယ်တဲ့။
ဘာကြောင့်လို့  သူငယ်ချင်းတို့ ထင်ကြပါသလဲရှင်။
တကယ်တော့လေ ကောင်လေးဘာကြောင့်အိပ်မပျော်နိုင်ဖြစ်နေရသလဲဆိုရင်
သူဟာကောင်မလေးကိုခရုလေးတွေပေးခဲ့စဉ်တုန်းက သူအကြိုက်ဆုံးခရုလေးတွေကိုမပေးပဲချန်ထားခဲ့ပါတယ်..
ဒီတော့ ကောင်မလေးကလည်း သူ့ လိုပဲ ဂျယ်လီလေးတွေအကုန်မပေးပဲ အကောင်းဆုံးဂျယ်လီ၊
အလှဆုံးဂျယ်လီလေးတွေကိုများ သူ့ ကိုမပေးပဲချန်ထားခဲ့လေသလားဆိုတဲ့အတွေးတွေကြောင့်
အိပ်မပျော်ပဲဖြစ်နေခဲ့တာပါ။
ရိုးသားဖြောင့်မှန်စွာနဲ့ ရှိသမျှဂျယ်လီလေးတွေကိုအကုန်ပေးခဲ့တဲ့ကောင်မလေးကတော့ အေးချမ်းပျော်ရွှင်စွာ
အိပ်စက်နိုင်ခဲ့ပေမယ့် မရိုးသားတဲ့ကောင်လေးကတော့ အတွေးဆိုးတွေကြောင့်စိတ်မအေးနိုင်ဖြစ်နေခဲ့ရတာကို
ကြည့်ခြင်းအားဖြင့် ချစ်ခင်လေးစားရပါသော သူငယ်ချင်းများအတွက် စဉ်းစားစရာလေးတခုလောက်ရခဲ့မယ်
ဆိုရင်ပဲ ကျေနပ်မိပါတယ်ရှင်။
( ကျွန်မဘ၀မှာ အရေးအပါဆုံးသောသူတစ်ယောက်က ကျွန်မကိုဆုံးမသွန်သင်လမ်းပြပေးခဲ့တဲ့ ပုံပြင်လေးပါ။
သူ့ ကိုကျေးဇူးဆပ်တဲ့အနေနဲ့  သူငယ်ချင်းအားလုံးကိုပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ )
စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံနိုင်ကြပါစေသား။
လေးစားလျက်.......လျှိဝှတ်ဥယျာဉ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့