Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 16 March 2012

လောကကြီးရဲ့ရှေ့နေကျနော်

ကျနော်အသက်(၅၀)ပြည့်ပါပြီ။ကျနော်ရဲ့နားတွေမျက်စေ့တွေဟာ အခုမှစပြီးကြည်ကြည်လင်လင်ပြတ်ပြတ်သားသား မြင်ရကြားရပါတော့တယ်။ငယ်စဉ်ထဲက တေဇ ရှေ့ဆောင်လမ်းစဉ်လူငယ်တွေဘာမှ မ၀င်ခဲ့ဖူးပါ။ ဒေသကောလိပ်ရောက်မှ နိုင်ငံရေးသိပ္ပံသင်ဖူးခဲ့ပါတယ်။ ကျနော်ကိုမွေးတော့ တော်လှန်ရေးကောင်စီက အစပေါ့။ ပြီးတော့ မ၊ဆ၊လ၊ နောက်''၈၈'' ပြီးတော့ တပါတီကနေ ပါတီစုံကိုသွား၊ရွေးကောက်ပွဲဖြစ် စစ်တပ်ကပြန်သိမ်း အဲဒါနဲ့ န၊၀၊တ၊ ပြီးတော့ န၊အ၊ဖ၊ ကောင်းသူနဲ့မကောင်းသူ ဘာကြောင့်များမကောင်းသူတွေကပဲ အသာရနေတာလဲ။အမှန်တရားကဘယ်သွားနေတာလဲနဲ့ ဘယ်အရာကိုမှ အကြောင်းရှာမရတဲ့အဆုံး လောကကြီးကိုပဲအဖြစ်တင်လိုက်တော့တယ်။တော်တော်မျက်နှာလိုက်တဲ့လောကကြီး..။
ဟော...အခုကျတော့ ရွေးကောက်ပွဲထပ်ဖြစ် အရပ်သားအစိုးရတက်လာ အမှန်တရားတွေကိုလည်း ဖော်ထုတ်ခွင့်ပေးနဲ့ ပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်လာပြီ။ အမှန်တရားဖက်တဲ့ကောင်းတဲ့သူတွေ ပေါ်ပေါ်လွင်လွင် ပေါ်ထွက်လာပြီး ကောင်းဖို့အကြောင်းတွေကိုပဲ ဦးတည်နေတာတွေတွေ့နေရပြီ။ ကမ္ဘာတ၀ှမ်းကလည်း မနေနိုင်ကြတော့ဘူး။ ကုသိုလ်နဲ့အကုသိုလ် ရေများရေနိုင် မီးများမီးနိုင်အလည့်မှာ ဒီတခါတော့ရေအလည့်ပဲလို့တထစ်ချ ယုံကြည်ရတော့မယ်။အစိုးရအသစ်ကလည်း ကြားဖြတ်ရွေးကောင်ပွဲလုပ်ပေး၊ အတိုက်အခံပါတီကို အသိအမှတ်ပြုနဲ့ဆိုတော့ ကျနော်အတွေးနဲ့ အခြေအနေတွေကို အားရကျေနပ်နေမိပါတယ်။ အဓိက ကျနော်အားအရဆုံးက ဆရာတော်သံဃာတော်တွေနဲ့ စာပေပညာရှင်တွေ အနုပညာရှင်တွေပါပဲ။ သူတို့က တောက်လျှောက်အခွင့်သာ၊သာသလို အမှန်တရားတွေကိုထုတ်ဖော်ပေးနေကြတယ်။ ၈၈ မတိုင်ခင်ထဲက ကျနော်အကြိုက်ဆုံး ပုဂ္ဂို ၂ ဦးရှိခဲ့တယ်။ တဦးက သပိတ်အိုင်ဆရာတော် ကျန်တဦးက လူရွှင်တော် ဇာဂနာ။ ၈၈ မှာတော့ သပိတ်အိုင်ဆရာတော်ကိုပိုပြီး ကြိုက်လာတယ်။ပြီးတော့ ဒေါ်အောင်းဆန်းစုကြည်။နောက်ပိုင်းမှာ စာပေပညာရှင်တွေထဲက ဆရာအောင်သင်းနဲ့ကာတွန့်ဆရာအော်ပီကျယ်၊ပြီးတော့ဆရာမစန်းစန်းနွဲ့ ဆရာမဂျူး ပြီးတော့ ဆရာချစ်ဦးညို ဆရာနေ၀င်းမြင့် ဆရာမောင်စိန်ဝင်း ဆရာမောင်သာချို သံဃာတော်တွေထဲက ဆရာတော်ဦးသုမင်္ဂလ ဖြူးဆရာတော် ပြောရရင်တော့ဗျာ အကုန်လုံးကကောင်းကြလွန်းလို့ ဘယ်လိုဖော်ပြရမှန်းတောင် အသိတော့အောင်ပါပဲ။သူ့နေရာနဲ့သူ ချိတ်ဆက်တွေမိပြီးနေကြတာအရမ်းကို အားရစရာပါပဲ။ ပေးတဲ့သူတွေပေးသရွေ့ကို လက်ခံသူတွေက ဆင့်ကဲဆင့်ကဲ များများမပွားနိုင်မှာကိုပဲ အားမလိုအားမရ ဖြစ်နေမိတယ်။ တကယ်တော့ မြန်မာပညာရှိတွေ (ရဟန်းရှင်လူအားလုံး)က အမှန်တရားကို ချစ်မြတ်နိုးကြသူတွေပါပဲ။သူတို့ အမှန်တရားကို ဖက်တွယ်လာခဲ့တဲ့ အကျိုးကို ကျနော်တို့ ပြည်သူတွေ ကောင်းကောင်းခံစားရဖို့ အချိန်ရောက်လို့လာပါပြီ။ ၈၈ အပြီးမှာလို နောက်တကျော့ပြန်လည်တာမျိုး လောကကြီးက ခွင့်မပြုတော့ဘူးလို့ တချိန်ကအပြစ်တင်ခဲ့တဲ့ ကျနော်ကပဲ အခုအခါတော့ လောကကြီးရဲ့ ကိုယ်စားရဲရဲကြီးပြောလိုက်ပါတယ်။အမိမြန်မာပြည်ကြီး ခေါင်းဆောင်ကောင်းစနစ်ကောင်းတွေနဲ့မြန်မြန် ကမ္ဘာကိုရင်ဘောင်တန်းနိုင်ပါစေကြောင်း
စကားချပ်။ ။ အမည်မဖော်ပြဖြစ်သော ပြည်သူ့အကျိုးဆောင် ဆရာတော်သံဃာတော်များနှင့်စာပေဂီတအနုပညာရှင်များကိုလည်း အစဉ်လေးစားတန်ဖိုးထားလျှက်ပါ။        A.M.S (အသုတ်)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့