Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 16 March 2012

အချစ်နှင့် သူ၏နောက်ဆက်တွဲများ

အချစ်တဲ့…အော် တယ်လည်း ခပ်တည်တည်နဲ့ နေရာယူတတ်တဲ့ ကောင်ပဲ။ အချစ်မင်းဘာကြောင့် လူတွေကို ဒုက္ခပေးချင်ရတာလဲ။ ဘာကြောင့် `မင်း´က ငါတို့လို လူတွေကို စိုးမိုးနိုင်ရတာလဲ။ `ငါ´`အမုန်း´၊ `အလွမ်း´ခံစားမှုပေါင်းစုံက သူ့ရဲ့အပေါင်းအပါတွေလေ။ သူ့ သူငယ်ချင်း တွေကလည်း သူ့ကို သိပ်ချစ်ကြတယ်။ ဒီကောင်က လူတစ်ယောက်ကို ချဉ်းကပ်တော့မယ်ဆိုရင် သူ့ သူငယ် ချင်းတွေကိုပါ ခေါ်လာသေးတာ။ သူ့ သူငယ်ချင်းတွေကလည်း အကွက်ကျကျ အကွက်ချထားသလို တာဝန်ကျေကြတာ။ သူ့ နေရာနဲ့ သူလိုက်လို့ ဖက်လို့ပါပဲ။ စဉ်းစားတယ်။ တွေးကြည့်တယ်။ မေးကြည့်တယ်။ လိုက်စူးစမ်းကြည့်တယ်။ ရှာဖွေကြည့်တယ်။ တူးဖော်ကြည့် တယ်။ ဟော…တွေ့ပါပြီ။ အား…ပူလိုက်တာဗျာ။ တော်တော်ကို ပူတဲ့ကောင်ပဲ။ လျှပ်စစ်ကွိုင်မီးဖိုထဲက သံစပရိန်ကွိုင် မီးပူပူကို ကိုင်ရင် တောင် ပူရင်ခဏဆိုပြီးသွားမှာ။ ဒီကောင်ကျမှ တမြေ့မြေ့တရေးရေးနဲ့ကို ပူတာဗျ။ ဒီကောင်က တစ်ယောက် တည်းလားဆိုတော့လည်း မဟုတ်ပြန်ဘူးဗျ။ သူ့ရဲ့နောက်ဆက်တွဲ သူ့ရဲ့ဖွား ဖက်တော်တွေဖြစ်တဲ့
အချစ်ဆိုတဲ့ကောင် ဒီကောင်ကို လက်ကမ်းကြိုဆိုမိလို့ကတော့ ငါတော့သေပြီလို့သာမှတ်။ ဘာကြောင့် လဲဆိုတော့ သူ့အပြင် သူ့နောက်မှာ အပေါင်းအပါတွေကပါ တစ်လေ့ကြီးလိုက်တာကြတာလေ။ `မင်း´မမြင် ဘူးမလား၊ သူငယ်ချင်း။ ကိုယ့်လူရေ သေချာကြည့် မြင်အောင်ကြည့် မင်းမြင်ရမယ်ထင်လား။ မှားသွားမယ်။ စိတ်မောသွားမယ်။ ရူးသွားမယ်။ လိုက်ရှာမနေနဲ့ ပင်ပန်းသွားမယ်။ ကုန်ကုန်ပြောရရင်ကွာ `မင်း´ စုတ်ပြတ်သပ် သွားမယ်။ ဒီတိုင်းထားလိုက် တစ်ချိန်မင်းမတွေ့ချင်၊ မမြင်ချင်၊ မလိုချင်ရင်လည်း မင်းသေလောက်အောင် ခေါင်းခါနေလည်း အဲဒီအချိန်မှာ နောက်ကျသွားပြီကွ။ အဲဒီအခါကျမှ မင်းမြင်မရ၊ တွေ့ရ၊ ခံစားရမှာ။ ဒီတော့မှ အား…ကနဲအော်ပြီးထွက်မပြေးနဲ့ `မင်း´ဘယ်လောင်ပြေးပြေး၊ သူက `မင်း´ထက်အားကောင်းတယ်။ အမော ခံတယ်။ သန်မာတယ်။ အပြေးသန်တယ်ကွ။ ဘယ်တော့ဖြစ်ဖြစ် မင်းရှေ့မှာ အဲဒီအကောင်က ရောက်နေမှာ မင်းမှတ်ထား။
`ဟေ့ကောင်´`မင်း´ကအချစ်နဲ့ ပတ်သက်ပြီး ငါ့ကိုကျတော့ပြောတယ်။ `မင်း´ရော မစဉ်းစားဖူးလား။ မတွေးကြည့်ဖူးလား။ မမေးကြည့်ဖူးလား။ လိုက်မစူးစမ်းဖူးလား။ မရှာဖွေကြည့်ဖူးလား။ `မင်း´ရောမတွေ့လို့ လား၊ ပြော `ဟေ့ကောင်´။
`အဲ´
သူငယ်ချင်း
`အင်း´
`ဟို´ မဟုတ်ဘူးလေကွာ။ `ငါ´က`မင်း´ကို အချစ်ဆိုတဲ့ကောင်က ဘယ်လိုဆိုတာလေးပြောပြတာ လေ။ သူနဲ့ သူ့ရဲ့နောက်ဆက်တွဲ အပေါင်းအပါလေးတွေ အကြောင်းလေ။ `မင်း´သိအောင်လို့ပါကွ။ `မင်း´ ပြောသလို `ငါ´လည်းမတွေ့ဖူးလားလို့တော့ တွေ့တာပေါ့ကွ။ ပူတယ်၊ ပူတယ်၊ တော်တော်ကိုပူတာ။ ဒီကောင် နောက်က ကောင်တွေလည်း သူ့ အတိုင်းပဲ။ တကယ်ချစ်စရာကောင်းတဲ့ ကောင်တွေ။ သူ့ အတွက်တော့ သူငယ်ချင်းကောင်းတွေပေါ့ကွာ။ အေး `မင်း´ ပြောသလိုကျတော့လည်း ဟုတ်သလိုလိုပဲနော်။ `ဟကောင်´ ဟုတ်သလိုလိုမဟုတ်ဘူး။ ဟုတ်ကိုဟုတ်နေတာ ဟုတ်ကိုဟုတ်တာကွ။ အေးနော်။ ဒါပေမဲ့ကွာ အဲဒီကောင် နောက်ကို ကောင်းမှန်းဆိုးမှန်းသိပေမယ့်လည်း ဘေးခြင်းယှဉ်လိုက်သူ၊ နောက်ယောင်ခံလိုက်သူ၊ ပေါ်တင်ကြီး လိုက်သူတွေ တော်တော်များသားပဲ။ အချစ်ဆိုတဲ့ ဒီကောင်ကြီးက `ငါ´တို့ လူတွေကြားမှာ ဂရုတစိုက်အရေး ပေးခံရဆုံးပဲနော်။ `အေး´ဟုတ်တယ်။ နေဦး အချစ်ဆိုတဲ့ ဒီကောင်တွေမှာတောင် အမျိုးမျိုးခွဲခြားရှိသေးတယ်။ `ငါ´ပြောပြမယ်။ ဥပမာ- နှစ်ယောက်လုံးက အပြန်အလှန်ချစ်တဲ့ အချစ် အဲဒါကတော့ တော်တော်လေး ပျော်ရွှင်မှုကိုပေးနိုင်တယ်၊ ခံစားမှုတွေသက်ဝင်စေနိုင်တယ်၊ နောက်အရာရာကို ရင်ဆိုင်ရဲတယ်၊ ရင်ဆိုင်နိုင် တယ်ပေါ့ကွာ။ သူများတွေပြောတာနော် `ငါ´တော့မခံစားဖူးသေးဘူး။ အဲနောက်အချစ်တစ်ခု တိတ်တခိုးအချစ် တဲ့ စပြီးပူပြီပေါ့ကွာ။ ဒါကတော့ သူ့ကိုမြင်ရ၊ သူ့ကိုတွေ့နေရ၊ သူ့အသံလေးတွေကြားနေရရင်ကို အလိုလို ပျော် နေတတ်တဲ့ အချစ်မျိုး။ ဒီကောင်ကတော့ တမြေ့မြေ့နဲ့ လောင်တဲ့ သံယောဇဉ်နှောင်တွယ်၊ တိတ်တိတ် လေးချစ်နေရတဲ့ အချစ်မျိုးပေါ့။ အချစ်ဆိုတာ ပြောရရင် အမျိုးပေါင်းမနည်းဘူးကွ၊ အမျိုးမျိုး ဘာသာပြန်ထားကြ တာ။ ဒါပေမဲ့ကွာ ငါသိတဲ့ အချစ်တစ်ခုအကြောင်းပြောပြမယ်။ တစ်ဖက်သတ်အချစ်တဲ့ အရာရာအားလုံးထက် ခံစားမှုအပြင်းဆုံး၊ အနက်ရှိုင်းဆုံး၊ အရှုံးနိမ့်အလွယ်ဆုံး၊ အရူးရအလွယ်ဆုံး၊ နောက်ဆုံးကွာ အပူလောင်ဆုံး ခံစားမှု အချစ်ကြီးပေါ့။ တစ်ဖက်သတ်အချစ် ဒီကောင်ကြီး တွယ်ကပ်မိရင်တော့ သူငယ်ချင်း `မင်း´တော့ သူ့နောက်က သူ့ရဲ့ အပေါင်းအပါတွေကပါ `မင်း´ကို ရစ်ပတ်နှောင်တင်းချည်ဖွဲ့ကြလိမ့်မယ်။ `မင်း´ ရင်ဘတ်ကြီးကို တော်တော်လေးအလုပ်ပေးတော့မယ်ဆိုတာ `မင်း´မှတ်ထားတော့ `ငါ့ကောင်´ရေ။ မင်းသတိ ထား ကမ္ဘာကြီး ဟိုး…အစွန်းတစ်ဖက်ကို ရောက်ကောင်းရောက်သွားနိုင်တယ်။ `မင်း´လွမ်းရမယ်။ `မင်း´ ငိုကြွေးရမယ်။ ပူလောင်ရမယ်။ မင်းခံနိုင်ရည်မရှိရင်တော့ နောက်ဆုံး ရူးသွားလိမ့်မယ်။ အခု`မင်း´မှာ ဘယ်လို အချစ်မျိုးနဲ့ တွယ်ကပ်နေပြီလဲကွ `ဟေ´။
နေပါဦးကွ `မင်း´က`ငါ့´ကျတော့မင်းတယ်။ `မင်း´ကျတော့ရော အခုဘယ်လိုအချစ်မျိုးနဲ့ တွယ်ငြိနေ ပြီလဲ `ငါ့´ကိုဖြေ။
ဟူး…`မင်း´၊ `ငါ့´ကိုပြန်မေးပြန်ပြီနော်။ `မင်း´သိချင်မှာပေါ့။ အေး `ငါ´ပြောပြမယ်။ ငါက အခု အချစ် နှစ်မျိုးနဲ့ တွယ်ငြိနေပြီကွ။ ဘာအချစ်လဲဆိုတော့၊ တိတ်တခိုးနဲ့ တစ်ဖက်သတ်အချစ်၊ `မင်း´တေးသံရှင် ဆိုတေးရဲ့ ``တိတ်တိတ်လေး´´ သီချင်းနားထောင်ဖူးလား။ `ဟင့်အင်း´ `ငါ´ မနားထောင်ဖူးဘူးကွ။ `အေး ဒါဆို ငါ´ဆိုပြမယ်၊ မင်းနားထောင်…
တိတ်တိတ်လေးပါပဲ ငါ ငိုကြေကွဲရ
တိုးတိုးလေးပါပဲ ငါ ငိုကြွေးခဲ့
အလွမ်းနဲ့ အထီးကျန်ဆဲ ငါ
အချိန်တွေကုန်လဲ မင်းအကြောင်း အမြဲဘဲတွေးတာ
မင်းနဲ့ နီးဖို့အစွမ်းကုန် ငါ ကြိုးစား
ပေးဆပ်မှုတွေ တစ်နေ့နေ့မှာ ပြန်ချစ်မလား
အခုတော့ ဝေးပြီကွယ် ငါ့အသည်းတွေကွဲ
နင်ဟာ ဆိုင်သူရှိနေတယ်
တစ်ချိန်ချိန်မှာ ပြန်ဆုံကြမယ်
နာကြင်စရာတွေ ရှိခဲ့ရင်လဲ
ပြန်လာခဲ့နှလုံးသားက မင်းအတွက်ဆို မျှော်နေဦးမယ်
အားလုံးနဲ့ လဲပြီးပေးဆပ်ရသူပါကွာ
တစ်ကောက်ကောက်နဲ့ စောင့်ရှောက်ရသူ
မင်းရဲ့ အနားမှာ အရိပ်ကလေးပေါ့ ချစ်သူရာ
မင်းရဲ့ဘေးနားအချိန်တိုင်းရှိချင်တာ
ဟိုး…ငါ တိတ်တိတ်ကလေးပါပဲလား… သီချင်းစာသားလေး ရင်ထဲတိ တိုက်ရိုက် ရောက်တယ်ကွာ။ တိုက်ဆိုင်မှုတွေ ဗလပွနဲ့ပေါ့။ တကယ်တော့ `ငါ´လည်း တိတ်တိတ်ကလေးပါပဲ။ သူနဲ့အတူ ပျော်ရွှင်မှုတွေကို တစ်ဖက်သက် ဖန်တီးနေမိတယ်လေ။ သူအတွက်ဆို ရူးတယ်ကွာ။ ဒါပေမဲ့ အချစ်ဆိုတဲ့ ကောင်ကတွေ့နေလျှက်နဲ့ ကွေ့ရှောင်သွားတယ်။ သူရဲ့နောက်ဆက်တွဲတွေသာကျန်နေခဲ့တယ်။ ခေါင်းခါငြင်း လည်း မရပါဘူး။ ထွက်ပြေးတော့လည်း လိုက်နေမြဲပဲ။ လုံးဝကို အလွတ်မပေးဘူးကွာ။ `ငါ´အချစ်ဆိုတဲ့ကောင် ကို တစ်ချက်ပဲ လှမ်းမြင်လိုက်ရတယ်။ `ငါ့´ကို လက်ပြသွားတယ်။ အခုတော့ သူ့ရဲ့နောက်ဆက်တွဲ အပေါင်းအပါတွေနဲ့သာ နပန်းလုံးနေရတယ်။ အေး `မင်း´ကို သတိတစ်ပေးလိုက်မယ်။ `မင်း´ဆီကို တကယ် လို့များ အချစ်ဆိုတဲ့ကောင် ချဉ်းကပ်လာလို့ကတော့ သူ့ရဲ့ နောက်ဆက်တွဲ ကောင်တွေကို ခံနိုင်ရည်ရှိရင်တော့ `မင်း´သဘော၊ အေးခံနိုင်ရည်မရှိလို့ကတော့ `ငါ့ကောင်´ရေ ဝေးဝေးသာရှောင်၊ ဝေါင်ဝေါင်သာ ရှေးပေးတော့...။
စာဖတ်သူအပေါင်းအား အစဉ်အမြဲလေးစားလျှက် (လွမ်းပိုင်ရှင်)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့