ms - “ ချစ်သူအက်ဆေး ”
**************************
ကျွန်တော့်တွင် ချစ်သူတယောက်ရှိပါသည် ။ ကျွန်တော်၏ချစ်သူသည် ဘယ်တော့မှအသဲမခွဲတတ်ပါ ။ မလှည့်
စားတတ်ပါ ။ မလိမ်ညာတတ်ပါ ။ ကျွန်တော်ကသာလျှင် ဘယ်ယောကျာင်္းနှင့်မျှတုနိုင်းလို့မရအောင် ချစ်ရပါ
သည်ဆိုသောအသိ့စိတ်ဖြင့် သွေးနထင်ရောက်နေသူသာဖြစ်ပါသည် ။ သံသယများစွာဖြင့် ပစ်မှားနေမိ့သော
ကျွန်တော်၏ စိတ်တ္တဇဆန်ဆန်အနိင်ပိုင်လိုမှု့များသည် သူမ၏လောင်ရိပ်ဖြစ်စေသကဲ့သို့ ကျွန်တော်၏စိတ်တွင်
လဲ တရားဝင်သိမ်းပိုက်ခွင့်ရသော ပိုင်နက်တခုအဖြစ်ထင်မှတ်နေမိ့ပါသည် ။ သူမတွင် မာနနှင့်အတ္တကိုအရေ
ခွံခွာထားသော ကြက်သွေးရောင်နှလုံးသားတစုံရှိ၏ ။ အလိုတလိုက်အကြိုက်ဆောင်ချင်ပြီ မေတ္တာရေ
ကြည်လေးများနှင့်အရောင်တောက်နေသော သူမ၏ကြာ်သွေးရောင်နှလုံးသားကိုမှ ကျွန်တော်၏အတ္တက
နိင်လိုမင်းထက်ပြုချင်နေမိ့သည် ။ ကျွန်တော်၏တွေးခေါ်မှု့ဘတ်ပေါင်းစုံဖြင့် ထိုးကျစ်ထားသော သံယော
ဇဉ်ကြိုးတမျှင်သည်လဲ သူမအတွက်တော့ ဘယ်လိုမှလွတ်လမ်းမရှိအောင် တုန့်နှောင်မိ့စေသောကြိုးတမျှင်
ဖြစ်သွားစေ၏ ။ ထိုကြောင့် ကျွန်တော်၏ချစ်သူသည် အလွန်သနားစရာကောင်းလှပါပေသည် ။
ကျွန်တော်၏ချစ်သူတွင် နောင်ဘ၀ထက်သာလွန်သောစိတ်ခံစားချက်ဖြင့် ပေါင်းဖတ်နိင်ရန်အတွက် ရည်ဇူး
သူချစ်ဦးလူတယောက်ရှိခဲ့ဖူးပါသည် ။ သူမသည်ထိုလူအား တဘ၀ထက်သာလွန်သောစိတ်ခံစားချက်ဖြင့်
ချစ်မြတ်နိုးနိင်သလို ကျွန်တော့်အပေါ်တွင်လဲ အဖြူရောင်မေတ္တာစစ်စစ်ဖြင့်သာ တဘ၀စာလိုက်ရောညီ
ထွေးဆက်ဆံခွင့်ပြုထားသေး၏ ။ ကျွန်တော်၏ချစ်သူသည် ရည်းစားမများပါ ။ “ အချစ်ခံသူ ” ဟု
သောဝိသေသနကိုသာခုန်မင်လို၍ အပျိုရည်တခွဲသားကိုသာ ရောင်းတန်းတင်ပြလိုခြင်းဖြစ်ပါသည် ။ ထို
ကြောင့် ကျွန်တော်၏ချစ်သူသည် မေတ္တာတရားကိုပွားများပေးနိင်သည့် မေတ္တာရှင်မလေးသာဖြစ်ပါသည်
ပတ်ဝန်းကျင်သဘောထားနှင့် လားလားမျှမထိုက်တန်သော ကျွန်တော့်ချစ်သူအလှပဂေး၏ ကိုယ်ကျင့်တ
ရားသည်လဲ ပေးဆပ်မှု့သက်သက်ဖြင့်သာကြီးစိုးနေသော ကျွန်တော့်၏အသိ့စိတ်တွင်းမှာတော့ အဖြူထည်
ဖြင့်သာအမြဲတည်ရှိနေပါ၏ ။ ကျွန်တော်၏ချစ်သူသည် ယောကျာင်္းတကာကိုလှည့်စားနေသော ခတ်ညံ့ညံ့
မာယာရှင်မဟုတ်ပါ ။ ကြိုးရှည်ရှည်ဖြင့်ဆွဲထားချင်သည့် စိတ်အခံလဲမရှိပါ ။ ပြီနောက် မယောင်ရာကို
ဆီဖြင့်မလူးချင်သောသူမသည် လှေနံနှစ်ဖတ်နင်းရလောက်အောင်ထိ့ မိုက်မဲ၍အဓိပ္ပာယ်မရှိသောအပြုအမှု
မျိုးကို ခေါင်းထဲတွင်ထည့်မထားတတ်ပါ ။ ဟန်တခွဲသားဖြင့်စွဲဆောင်မှု့အပြည့်ရှိသော ကမ္ဘာကျော်မင်း
သားကိုလဲ စိတ်မ၀င်စားပါ ။ ဘုရင်တပါး၏စိတ်အလိုအရ တော်ကောက်ခံလိုက်မဲ့မိ့ဖုရားအဖြစ်လဲ အ
လွယ်တကူသိမ်းသွင်း၍ရမည်မထင်ပါ ။ ထို့ကြောင့် ကျွန်တော်၏ချစ်ရသူသည် အင်မတန်မှအင်မတန်
အပြစ်ကင်းသော ရိုးသားသော အလွန်တရာမှနှစ်လိုဖွယ်ကောင်းသောသူသာဖြစ်ပါသည် ။ သို့သော်
ကျွန်တော်နှင့်ပတ်သက်လာလျှင် အတိုင်းအတာတခုအထိ့ သက်မှတ်ကာရန်ထားသောသူမ၏စိတ်ခံစားမှု့
သည် အဖြူေ၇ာင်ဖြင့်တန်ဆာဆင်ထားသော ပြီးပြည့်စုံသည့်နေရာတခုဖြစ်သော်လဲ အချစ်နှင့်ပတ်
သက်လာလျှင် ( ထိုအချစ်ဖြင့်သာ ) အပစ်ဟူသမျှကိုအကောင်းပကတိဖြင့်ပဲပြင်ပေးချင်သော ကျွန်တော်
၏ရင်တွင်းမှာတော့ ( အကူးယူခံ ၊ အကူးဆက်ခံ ) အရောင်များနှင့် တလက်လက်တောက်ပနေပါတော့
သည် . . . ။
No comments:
Post a Comment