Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 16 March 2012

သင်ချစ်ရတဲ့သူကို တစ်သက်လုံး Gf ဆိုတာလေးကို ဖွင့်ဆိုပြချင်တယ်ဆိုရင်


ကောင်မလေးနဲ့ ကောင်လေးတစ်ယောက် စတင်တွေ့ဆုံခဲ့ကြတယ်..
သူတို့နှစ်ယောက် ခင်မင်သွားပြီး မကြာမီမှာ ကောင်လေးက ကောင်မလေးကို
ပြောတယ် "ကောင်မလေးရေ GF ဆိုတာ ဘာလဲသိလား" တဲ့..
ကောင်မလေးက ခဏကြောင်သွားတယ်...ပြီးတော့ "မသိဘူးလေ အဲတာဘာလဲ"လို့ ပြန်မေးလိုက်တယ်...
ကောင်လေးက ပြုံးပြီးဖြေလိုက်တယ်...
"GF ဆိုတာ Good Friend" ပါတဲ့...


နောက်ကြာတော့ သူတို့နှစ်ယောက်ချစ်သူဖြစ်သွားတယ်..
အဲအခါမှာ ကောင်မလေးက ကောင်လေးကို ထပ်မေးတယ်..
"GF ဆိုတာ ဘာလဲ ခုသိပြီလား" တဲ့..
ကောင်မလေးက နားမလည်ဟန်နဲ့ ခေါင်းခါပြတယ်..
ကောင်လေးက ကောင်မလေးကိုရင်ခွင်ထည့်ပြီး...
"GF ဆိုတာ Girlfriend" ပါတဲ့...


အဲဒီနောက် လက်ထပ်ကာနီးမှာ ကောင်လေးက ထပ်မေးတယ်...
"GF ဆိုတာ သိပြီလား ချစ်သူ" တဲ့..
ကောင်မလေးက ရယ်ရယ်မောမောနဲ့ "Girlfriend" လေလို့ဖြေတယ်...
ကောင်လေးက ကောင်မလေးလက်ကို ကြင်ကြင်နာနာဆုပ်ကိုင်ရင်း ပြန်ပြောတယ်...
"မဟုတ်ဘူး GF ဆိုတာ.............
ကိုယ့်အတွက်မင်းဟာ Great Future" ပါတဲ့...


အဲဒီလိုနဲ့ လက်ထပ်ပြီးလို့ ကလေးတွေရလာတော့..
ယောင်္ကျားဖြစ်သူက မိန်းမကို မေးတယ်...
"မိန်းမရေ GF ဆိုတာ ဘာလဲကွယ်"
မိန်းမက "ဒီတခါ ဘာဖြစ်သွားပြီလဲ ယောင်္ကျားရေ" လို့ ပြန်မေးလိုက်တယ်..
ယောင်္ကျားက ကလေးလေးကို ချီရင်း မိန်းမပခုံးလေးကို ဖက်လို့
"GF ဆိုတာ Gleeful Family ပါ" လို့ ဖြေလိုက်တယ်...


အဲဒီနောက် သားသမီးတွေလည်း အိမ်ထောင်ကျ သူတို့နှစ်ယောက်လည်း အိုမင်းလာကြတာပေါ့....
အဲဒီအခါမှာ အဘိုးကြီးက အဘွားကြီးကို မေးတယ်..
"အဘွားကြီးရေ GF ဆိုတာ ဘာအဓိပ္ပာယ်လဲကွယ်" လို့မေးလိုက်တယ်...
အဘွားကြီးက အဘိုးကြီးပခုံးပေါ်မှီရင်း
"ပြောပါအုံး အဘိုးကြီးရယ်" လို့ အသံတိုးတိုးလေးနဲ့ ပြန်ပြောတယ်...
အဘိုးကြီးက အဘွားကြီး နဖူးလေးကို ကြင်ကြင်နာနာ နမ်းရင်း
"အဘွားကြီးက အဘိုးကြီးအတွက် Girl Forever ပေါ့ကွယ်" လို့ ဖြေလိုက်ပါတော့တယ် .....



အထက်မှာဖော်ပြထားတဲ့ စာလေးကိုဖတ်မိပြီးတော့ ကျွန်တော်အတွေးတစ်ခုဝင်လာသလို လက်ရှိကြုံတွေ့နေရတဲ့
အခြေအနေတစ်ခုမှာ ကျွန်တော်ချစ်တဲ့ကောင်မလေးသိနိုင်အောင်ဆိုပြီး သီးသန့်ရေးမလို့ပါပဲ ဒါပေမယ့် စာဖတ်သူ
ညီအကိုမောင်နှမတွေအားလုံးကို ဝေမျှပေး ချင်တဲ့စိတ်လေးပေါ်လာလို့ မိမိချစ်သူအပေါ်မှာထားသင့်တဲ့ ချစ်ခြင်းလေး
ကို ခံစားချက်လေးနဲ့ ရေးဖွဲ့လိုက်ပါတယ်...။


လူဆိုတာတစ်သက်မှာတစ်ခါတော့ ချစ်ဘူးကြတယ်ဆိုတဲ့စကားရှိပါတယ်။ ဒါပေမယ့်ဒီခံစားချက်တွေကိုဖတ်ဖို့အတွက်
တော့ ချစ်တက်တဲ့ နှလုံးသားလေးတွေလိုအပ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ စာလေးကိုဖတ်ပြီး ၀င်လာတဲ့အတွေးလေး
ကတော့ တကယ်ချစ်ကြတဲ့ ချစ်သူ များအတွက် ပျော်ရွင်စေဖို့ကောင်းတဲ့အချက်လေးပဲဖြစ်ပါတယ်။ သင်ဆိုရင်ရော...
သင်ချစ်တဲ့သူကို Gf ရဲ့ဖွင့်ဆိုချက်လေးတွေကို သက်တမ်းတွေအလိုက်မပြောချင်ဘူးလား ။ ကျွန်တော်ကတော့အရမ်းကို
ပြောပြချင်ပါတယ်.... ချစ်ရတဲ့ကောင်မလေးကိုပေါ့...........။


ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကြားမှာ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးလာမှုအပေါ်မှာ
အခြေခံပြီးတော့ ဒီလိုပြောင်းလဲလာဖို့ဆိုတာ တစ်ကယ်တော့ မလွယ်ကူပါဘူး ။ ချစ်ရက်နဲ့ ဝေးသွားသူတွေ မချစ်ပဲနဲ့
နီးစပ်သွားသူတွေ အများကြီးရှိနေ တယ်ဆိုတာ ကျွန်တော်ပြောနေစရာမလိုအောင် သိနေမယ်ထင်ပါတယ်။ ယောက်ျား
လေးများစွာ မိန်းကလေးများစွာရှိတဲ့ထဲက ချစ်သူနဲ့ ကျွန်တော်တွေ့ဆုံရတာ တကယ်ဝမ်းသာဖို့ကောင်းပါတယ်။ ဒီလို
ဆုံတွေ့ပြီးချိန်မှာ သူမက ကျွန်တော်အတွက်သူငယ်ချင်းကောင်းလေး တစ်ယောက်အနေနဲ့ ဖြစ်လာဖို့ဆိုတာကလည်း
မလွယ်ကူပါဘူး ။ ကျွန်တော်မှာဆိုရင် ခင်မင်ရတဲ့သူငယ်ချင်းတွေများစွာရှိတယ်။ဒါပေမယ့် သူငယ်ချင်းကောင်းဆိုတာ
ကတော့ သိပ်မရှိပါဘူး ။ ဒီလိုသူငယ်ချင်းကောင်းအဖြစ်ကနေပြီးတော့ ချစ်သူဆိုတဲ့ အဖြစ်ကိုရောက်လာဖို့ဆို တာ
လည်းမလွယ်ကူပါဘူး။ သူငယ်ချင်းကောင်းဖြစ်ရုံနဲ့ ချစ်သူမဖြစ်နိုင်ကြပါဘူး။ ချစ်သူဖြစ်တိုင်းလည်း သူငယ်ချင်းကောင်း
မဖြစ်နိုင်ပါဘူး။ ဒီလိုပဲ ချစ်သူဖြစ်ပြီးတော့ လက်ထက်ဖို့ဆိုတာကလည်း ချစ်တိုင်းလည်းမညား ညားတိုင်းလည်းမချစ်
ဆိုတော့ ချစ်တဲ့သူနဲ့ လက်ထက်ရတဲ့ အဖြစ်က ဘယ်လောက်ပျော်ရွင်စရာကောင်းလိုက်မလဲ။ ကလေးတွေနဲ့ ပျော်ရွင်
ဖွယ်ကောင်းတဲ့ မိသားစုလေးတစ်ခုဖြစ်ဖို့ဆိုတာကလည်း လွယ်မလိုနဲ့ ခက်ခဲပါတယ်။ လူမှုရေး စီပွားရေးတွေနဲ့
ဒီနေရာမှာတော့ ကျွန်တော်လည်း ချစ်သူပဲရှိသေးတယ် လက်ထက်ရသေးတော့ အိမ်ထောင်ရေးအကြောင်းကို
သေချာမသိဘူးဗျ..။ ( လူပျိုဆိုတာကြွားတာပေါ့) ။ ဒီလိုနဲ့ အိုမင်းလာတဲ့ အထိတစ်ယောက်နဲ့ တစ်ယောက် ဒီလိုပြော
နိုင်ဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စလို့ထင်ပါတယ်။ ဒါဆိုဒီလိုစကားတွေကို လွယ်ကူအောင်ပြောဖို့ ဘာလိုအပ်လဲ ။


ကျွန်တော်အဓိကပြောချင်တာဒီစကားလေးပါ ဒါပေမယ့်တိုနေလို့လေရှည်နေလိုက်တာ....။ ကျွန်တော်နဲ့ သူမ ဒီလို
ဘ၀တစ်လျှောက်လုံး မရိုးနိုင်တဲ့ ဒီစကားလေးပြောနိုင်ဖို့ အတွက် ခင်မင်မှုသံယောဇဉ်တွေ မေတ္တာတရားတွေ
တစ်ယောက်နဲ့တစ်ယောက်နားလည်မှု တစ်ယောက်လိုအင်ကို တစ်ယောက်ဖြည့်ဆည်းပေးတက်ခြင်းတွေ ကူညီဖေး
မမှုတွေနဲ့အတူ တစ်ယောက်အပေါ် တစ်ယောက်သစ္စာရှိဖို့ ဆိုတဲ့အချက်တွေက အလွန်အရေးကြီးပါတယ်။ ဒါကြောင့်
သင်တို့ချစ်သူနှစ်ဦး gf ဆိုတဲ့ စကားလေးကို ခဏတာလေးပဲ ပြောကြမှာလား။ တစ်ဘ၀လုံးပြောကြမှားလားဆိုတာ
က ကျွန်တော်ပြောတဲ့ အဓိကအချက်တွေနဲ့ သက်ဆိုင်နေပါတယ်။ကျွန်တော်ကတော့ ချစ်ရတဲ့သူမကို တစ်သက်လုံး
ဒီစကာလေးပြောချင်သလို ကျွန်တော်ချစ်တဲ့ ကောင်မလေးကလည်း ဒီလိုစကားလေးတွေ တစ်သက်လုံးနားထောင်ချင်
နေ မယ်လို့ထင်ပါတယ်...။ ဒီတော့ ချစ်ရတဲ့ ကောင်မလေးရေ..နင်ကိုငါတစ်သက်လုံး gf ဆိုတာလေးကို ဖွင့်ဆိုပြချင်
တယ် မင်းကလည်း ငါဖွင့်ဆိုပြမယ် gf ရဲ့ ဖွင့်ဆိုချက်လေးတွေကို နားထောင်ဖို့ ဆန္ဒတွေရှိနေရင်တော့ ငါဆီကို
ပြန်လာခဲ့ပါ...။ ငါနင်ကိုသစ္စာရှိရှိချစ်နေပါတယ်...............။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့