ကျွန်တော့်ကို အဆိုးမြင်ဝါဒီသမားလို့တော့
မထင်လိုက်ပါနဲ့....ဒီစကားနပန်းပွဲလေးရဲ့ခေါင်းစဉ်အောက် မှာ
ပြိုင်ဆိုင်ရမှာဆိုတော့
ရည်းစားမထားတာ ကောင်းတယ်လို့ အတ္တနောမတိ ပြောလိုက်ချင်ပါရဲ့။ ။
ကျွန်တော်တို့ မြတ်စွာဘုရားက ချစ်ခင်နှစ်သက်သောသူနဲ့
ကွေကွင်း ခွဲခွါရခြင်း၊မချစ်ခင် မနှစ်သက်သူနဲ့ ပေါင်းဖော်ရခြင်းဟာ
ဒုက္ခ ပါတဲ့။ ဒုက္ခဆိုတာ ဆင်းရဲခြင်းမဟုတ်ပါလား။ကာမတဏှာ ရဲ့စေခိုင်းချက်အောက်မှာ ပုထုဇဉ်ဆိုတာ ကပြနေကြရတဲ့
သတ္တ၀ါတွေမဟုတ်လား။ မကင်းနိုင်ကြပါဘူး။ ကျွန်တော်လဲ ဘာသားနဲ့ထုထားမို့လည်းဗျာ။ ဒါပေမယ့်။ကျွန်တော်တို့တွေဟာ
စိတ်ရဲ့သခင်တွေ မဟုတ်တာတော့သေချာပါတယ်........စိတ်ရဲ့ကျေးကျွန်တွေပါတဲ့ (ဘုရားပြောတာနော်)ဘာ့ကြောင့်လည်းဆိုတော့
ကာမတဏှာရဲ့ ခိုင်းစေမှု့အောက်မှာ....လိုက်နေရသူတွေမဟုတ်လား။ဒါက အဘိဓမ္မာနည်းနဲ့ပြောတာပါ။ ။
ရည်းစားထာရတာ ဆင်းရဲခြင်းနဲ့ကြုံနေရတာပဲလေ......။ ကြည့်စမ်းပါဦး။ မိဘရဲ့ အရိပ်အာဝါသအောက်က လွတ်မယ်
မကျန်သေး....ရည်းစားရဲ့ ချုပ်ချယ်မှု့က တန်းခံရတော့တာပဲ။
ရည်းစားလူလု အူနုကျွဲခတ် တဲ့။ သစ္စာမဲ့တဲ့ရည်းစားက ထားခဲ့ပြန်တော့....ရင်တစ်ခုလုံးဗုံးတစ်လုံးလိုပေါက်ကွဲ လွင့်စင်
တဲ့ ရလဒ်နဲ့ ။နောက်ပြီး အူတိုတတ်၊ဇီးဇာကြောင်တတ်တဲ့ ရည်းစားမျိုးနဲ့တွေ့ရင် ၊ တကယ်ပါ......ခြုံကွယ်မှာတောင်
ရှူရှူးမပေါက်ရဲသလောက်ပဲ......ရှင်တို့ယောကျာင်္းလေးတွေက ခြုံကွယ်ရင်သးပန်း၊အိုင်တွေ့ရင်ခြေဆေးကြတယ်...ဆိုတဲ့
လက်နက်တွေ တိုက်ခိုက်ပြန်တယ်။ မာ ဃဒေ၀လင်္ကာမှာ မရှိမကောင်းရှိမကောင်း၊ မပေါင်းလည်းခက် ပေါင်းလည်းခက်ပါတဲ့။
အင်း....လက်ခံပါတယ်ခင်ဗျ။ဒါပေမယ့်....ကင်းနိုင်ရင်ဗျာ မထားတာအကောင်းဆုံး ။ခဲမှန်ဖူးတဲ့ စာသူငယ် ဆိုတော့......
မယုံမရှိနဲ့ ငပုံကိုတွေ့ ဆိုသလိုပေါ့။ ထားဖူးတာပေါ့။အရူးအမူး၊ပလူးနလူးပါပဲ။ပြည်မြို့က ရွှေစံတော်စေတီကြီး သက်သေရှိတယ်။
ဆုတောင်းတာလိုလိုကျိန်တာလိုလိုနဲ့ ငှက်ဖြစ်ရင်လဲတစ်ကိုင်းထဲနား။ဆင်ဖြစ်ရင် တစ်ကျွန်းထဲစား။ငံပြာရေဖြစ်တောင်
တစ်ပုလင်းထဲ လားပါစေတော့.....နောင်ဘ၀ဆိုတာတောင်ရှိကြစတမ်းဆိုရင်တဲ့ ကိုလွမ်းနဲ့ပဲ ဆယ်ဘ၀ ဆယ်ကမ္ဘာဆုံချင်သေးဆိုပဲ။
ခုတော့ဗျာ.....တောက်ခေါက်ရလွန်းလို့ ယှာတောင် အသားမာတက်နေရဲ့။ခဲလေသမျှ သဲရေကျ။နူနာဝဲစွဲ လှဲရာသူခိုးထောင်း
ရင်ဖတ်ဟောင်းလောင်းကြီးနဲ့ပါ.....။
ရွာကဘကြီးဘုန်းကြီးကတော့ ဆုံးမသားဗျ.....တောင်ကြီးငုံရ်ျ နုတ်ဝယ်ရွရွ ကျိန်ဆိုပြလည်း၊မိန်းမသစ္စာ မှုသား သာတည်း။
ဖွက်ယှာသဏ္ဍာန် နှစ်ခွညဏ်နှင့် မာယာလေးဆယ့်တစ် မျက်လှည့်သစ် တစ်ခုပို ။နည်းနည်းများသွားပြီထင်တယ်ဗျ။
မိန်းကလေး တိုင်းကိုမဆိုလိုပါဘူးဗျာ...ရာဇ၀င်မှာ..စံတင်ထားတဲ့ အမျိုးသမီးတွေများစွာရှိပါတယ်...သူတို့တွေဟာကမ္ဘာကိုစိုးမိုးမဲ့
ပုခတ်လွဲလက်ပိုင်ရှင်တွေလေ။ ဟဲ ဟဲ...တော်ကြာလွမ်းရဝေကြီးကိုကျိန်ဆဲနေပါဦးမယ်...။
ရည်းစားမထားတာကောင်း တယ် လို့ပြောရအောင်.....မင်းက သံဝေဂ တွေရပြီး လောကီဘောင်ကိုကျောခိုင်းသွားမဲ့သူလားလို့
မေးစရာရှိတယ်......(ချို့ယွင်းချက် )
ဒီမေးခွန်းကိုမဖြေသေးပါဘူး။ာဘပြုလို့တုန်းဆိုတော့ သံဝေဂ ရတာကမှ
အေးချမ်းဦးမယ်ဗျ။တောမြိုင်ထဲသွား ရသေ့ရဟန်းပြုပြီး အေးချမ်းတာပေါ့။
ကျွန်တော်က...ဒီရွှေမြန်မာဥယျာဉ်ဆိုဒ်ကလေးထဲမှာ
ရည်းစားနဲ့ ကွဲတဲ့နေ့ကစပြီး ကဗျာဆရာလိုလို ဘာလိုလိုကောင်ဖြစ်သွားတာပဲ.............။
ပုထုဇဉ်(ခရမ်းချဉ်သီး)တွေဆိုတော့ဗျာ......ဒါဏ်ရာဟောင်းတွေမကျက်သရ်ျတော့....ကိုလွမ်းရေ..ရည်းထားတာကောင်းလားလို့
မေးလာခဲ့ရင်
ရင် ကျွန်တော်ကတော့ မကောင်းဘူးလို့ပဲ ဖြေလိုက်မိမှာပါ......
No comments:
Post a Comment