Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 17 March 2012

ပြောင်းလဲခြင်း(သို့မဟုတ်)မျက်ဖြေလင်္ကာတစ်ပုဒ်

* သူတည်းတစ်ယောက်၊
ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ၊
ပျက်လင့်ကာသာ၊
ဓမ္မတာတည်း။
* ရွှေအိမ်နန်းနှင့်၊
ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျက်၊
ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊
မင်းချမ်းသာကား၊
သမုဒ္ဒရာ၊
ရေမျက်နှာထက်၊
ခဏတက်သည့်၊
ရေပွက်ပမာ၊
တစ်သက်လျာတည်း။
* ကြင်နာသနား၊
ငါ့အားမသတ်၊
ယခုလွှတ်လည်း၊
မလွတ်ကြမ္မာ၊
လူတကာတို့၊
ခန္ဓာခိုင်ကြည်၊
အတည်မမြဲ၊
ဖောက်လှဲတတ်သည်၊
မချွတ်စသာ၊
သတ္တ၀ါတည်း။
* ရှိခိုးကော်ရော်၊
ပူဇော်အကျွန်၊
ပန်ခဲ့တုံ၏၊
ခိုက်ကြုံဝိပါက်၊
သံသာစက်၌၊
ကြိုက်လတ်တွန်မူ၊
တုံ့မယူလို၊
ကြည်ညိုစိတ်သန်၊
သခင်မွန်ကို၊
ချန်ဘိစင်စစ်၊
အပြစ်မဲ့ရေး
ခွင့်လျှင်ပေး၏၊
သွေးသည်အနိစ္စာ၊
ငါ့ခန္ဓာတည်း။ ။
အနန္တသူရိယ
မြန်မာတို့သည် ပြောင်းလဲခြင်းတရားကို အမှန်တရားအဖြစ် ခံယူ၍
လောကကြီးကို ရဲရဲရင်ဆိုင်သော လူမျိုးများဖြစ်ကြသည်။
"ပြောင်းလဲခြင်း"ဟု ဆိုရာ၌လည်း ပရမ်းပတာနှင့် အကြောင်းမဲ့
ပြောင်းလည်းခြင်းမျိုးအနေဖြင့် ရှုမြင်ခြင်းကို မဆိုလို။ သက်ဆိုင်ရာ
ကြောင်းကျိုးတရားများအရ ပြောင်းလည်းနေသောဖြစ်စဉ် သို့မဟုတ်
သင်္ခါရဓမ္မအဖြစ် ခံယူထားခြင်းကို ဆိုလိုပါသည်။
ဤသို့သောခံယူချက်ဖြင့် မြန်မာတို့က အရာရာ၏ ပြောင်းလဲမှုကို
ကြောင်းကျိုးဖြစ်စဉ်အဖြစ် ရှုမြင်ကြသည်။
လူကိုလည်း ကံ၊ စိတ်၊ ဥတု၊ အဟာရဟူသော အကြောင်းတရား
တို့အရ ဖြစ်ပေါ်နေသော ဘ၀တစ်ခု၊ ဖြစ်စဉ်တစ်ရပ် အနေဖြင့်
ရှုမြင်ကြသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့