Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 23 March 2012

ပိတောက် ရင်ခွင်....။

ပိတောက်တစ်ခက်
မမေ့ရက်
ချစ်သက်ဘ၀၀ယ်....။
ပိတောက်ဖူးစိမ်း
ရွှေရည်လိမ်း
ချစ်ယိမ်းမယိုင်တယ်...။
ပိတောက်ရွှေဝါ
ရောင်ထိန်သာ
ချစ်တာတစ်သက်ပါ....။
ချစ်သည်းစကား
မမေ့အား
တည်ထားသစ္စာတရား....။
ဥသြတွန်မြည်
ဒီရာသီ
မျှော်ရီတမ်းတပြီ....။
သစ္စာစကား
မေ့ပြီလား
စိမ်းကားရက်စက်သွား...။
ပိတောက်ရာသီ
ပွင့်ပြန်ပြီ
နရီချိန်မှန်သည်.....။
မျှော်သူမလာ
ဒီရင်မှာ
ကြွေတာပိတောက်ပါ......။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့