Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 23 March 2012

++ရန်ငြှိုး++

ငါတွေ့တိုင်း မဆေးခဲ့တဲ့

ရေအိုင်တွေက လုံးဝ အကြည်

နင်တွေ့တိုင်း ဆေးခဲ့တဲ့ ငါ့ရင်သာ

နောက်ကျိ ရှုပ်ပွ....

သိုသိုသိပ်သိပ် စိတ်နဲ့အိပ်တတ်တဲ့ငါ

အချစ်ဗန်းပြသူရဲ့ ခြေတော်ရာထဲ

ဒူးတွေပြဲ အသည်းတွေကွဲ

ဘ၀တစ်ခုလုံး အလွမ်းတစ်ပွင့်ပဲ ပွင့်တယ်...

နေရောင်ခြည်ဟာ သဘာဝလို့နင်ပြောလည်း

ဗိုင်းရပ်စ်တစ်ကောင်လို ငါ့အတွက်တော့

အရမ်းလှတဲ့ ခရမ်းရောင်သေမင်းပဲဖြစ်ခဲ့တယ်

ငါသေပေးလိုက်ပါမယ်....

အလှည့်ဆိုတာသာ ရှိလိုက်စမ်းပါ

အချစ်ဆုံးဆိုတဲ့ ၀ိသေသနဲ့

နှလုံးသားပေါ်တင် နင့်ကိုလေ..

ငါ့အနမ်းနဲ့ သေအောင်ပြန်သတ်မယ်....☺☺☺

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့