Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 23 March 2012

ဟာသများ

*ပလုံ*

ဒေါ်ထိပ်ထားခင်က စည်းကမ်းသိပ်ကြီးတယ်..ညစာစားဖို့စားပွဲထိုင်ပြီးကြပြီ ဆိုတာနဲ့


ဘာစကားမှမပြောရဘူး..တစ်ရက်မှာ ညစာစားဖို့စားပွဲထိုင်နေကြတုန်း ရေးကြီးသုတ်ပြာနဲ့


သားကြီးရောက်လာတယ်..ပြီးတော့…..



'''အမေ'''


'စကားမပြောရဘူးဆိုတာမသိဘူးလား.. ဟိုဘက်မှာထိုင်ပါ..''


''ဟို..ကျွန်တော်..'''


''ပြောစရာရှိရင်စားပြီးမှပြောလို့ပြောထားတယ်လေ..'' ဒီလိုနဲ့ထမင်းစားပြီးကြတော့


''ကဲပြောဘာလဲ''


'''ညီမလေးရေတွင်းထဲကျသွားလို့…'''







*ဒီနေ့ပို့မယ့်နေရာ...*



လူတစ်ယောက်ကခြင်္သေ့တစ်ကောင်နဲ့အတူမြို့ထဲမှာ လမ်းလျှောက်လာကို ရဲသားကမြင်တော့

'

''ဟေးး..ခင်ဗျားအဲ့ဒီခြင်္သေ့ကိုတိရစ္ဆာန်ရုံသွားပို့သင့်တယ်…'''


''ဟုတ်ကဲ့'' နောက်ရက်မှာလည်းအဲ့လူကိုမြို့လယ်ခေါင်မှာခြင်္သေ့နဲ့အတူတွေ့ပြန်ရော…ဒီတော့


ရဲသားက


'''ဟေးလူ ခင်ဗျားကိုကျုပ်မနေ့က ပြောတယ်လေ..အဲ့ဒီခြင်္သေ့ကိုတိရစ္ဆာန်ရုံ သွားပို့ဖို့'''


''ဟုတ်ကဲ့ ပို့ခဲ့ပါတယ်.. ဒီနေ့တော့ရုပ်ရှင်ရုံလိုက်ပို့မယ် စိတ်ကူးမိလို့…''








* ကြိုက်တာဝယ်စားး..*



အမေရိကန်နိုင်ငံ၌၀က်မွေးမြူသူထံသို့ တစ်နေ့သောအခါလူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီး


စုံစမ်းလေသည်။ ခင်ဗျားရဲ့ဝက်တွေကိုဘယ်လို အစာကျွေးသလဲဗျ



"ကျွန်တော့်ဝက်တွေကိုထမင်းကျန်ဟင်းကျန်တွေနဲ့ဟင်းသီးဟင်းရွက် အပုပ်တွေရောစပ်ပြီး ကျွေးပါတယ်..




ကြားရတာစိတ်မကောင်းစရာပဲ ကျွန်တော်ကကမ္ဘာ့တိရစ္ဆာန်များထိန်းသိမ်း


စောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ..အခုလိုကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာတွေ


ကျွေးမှုအတွက်ဒဏ်ငွေရိုက်ရပါလိမ့်မယ်.."



ဒဏ်ငွေဆောင်ပြီး ၃လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ယောက် လာပြီး


စုံစမ်းပြန်သည်။ ခင်ဗျားဝက်တွေကို ဘယ်လိုအစာကျွေး သလဲဗျ



ဟုတ်ကဲ့..ပေါင်မုန့်ပူတင်း..ဒိန်ခဲ..အာလူး..ကြက်ပေါင်းနဲ့ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီး ကျွေးပါတယ်...


အားပါး..အံ့သြစရာပဲ..ကျွန်တော်ကကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကအရာရှိပါ..ကမ္ဘာကြီးရဲ့

လူဦးရေ လေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေတာတောင်ကိုမှ ခင်ဗျားက ခြိုးခြံမှု မရှိဘဲ

ဖြုန်းတီးပစ်နေတာ အဲ့ဒီအတွက် ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေ ရိုက်ပါတယ်..




ဒဏ်ငွေဆောင်ပြီးများမကြာမီ နောက်တစ်ဦးလာပြန်လေသည်။ ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေး


ပါသလဲခင်ဗျာ........................



တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ပြောလိုက်ပါတယ်..








*ခံနေလို့ဖြစ်မလား*


ရုပ်ရှင်ရုံအ၀င်ဝမှာအမျိုးသမီး ကြီးတစ်ဦးက လက်မှတ်စစ်ကို ရိုက်လိုက်လို့




ဘာဖြစ်လို့ရိုက်ရတာလဲ




မိုက်ရိုင်းလို့ပါ..ကျွန်မ၀ယ်လာတဲ့ လက်မှတ်ကိုယူပြီး ဆွဲဆုတ်ပစ်တယ်လေ..။ ။

*မလိုလို့ပါ*
စက်ချုပ်သောသူငယ်ချင်းနဲ့အထည်ဆိုင်ဖွင့်သောသူငယ်ချင်းတို့ဆုံမိကြသည်။
" သူငယ်ချင်း မင်းဆိုင်မှာ လာပြီးအပ်ထည်တွေ လက်ခံချင်တယ်ကွာ"
"ငါ့ဆိုင်မှာကအသင့်ချုပ်ပြီးသားတွေပဲဝယ်ဝတ်ကြတယ်ကွာ"
"သူတို့နဲ့အံဝင်ခွင်ကျ တိုင်းချုပ်ပေးမယ်ဆိုရင်သဘောမကျပေဘူးလား"
"ငါတော့မထင်ဘူးကွာ"
"ငါလာစမ်းကြည့်ချင်တယ်"
"လာကြည့်ပေါ့ကွာ ငါ့ဆိုင်က ရေကူးဝတ်စုံ၊ရေကူးဘောင်းဘီတွေပဲရောင်းတာ"

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့