Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 16 March 2012

`မ`အတွက်

အိပ်မရတဲ့ ညတွေမှာ
ပြတင်းပေါက်ကို ဖွင့်ပြီး
ကောင်းကင်ကြီးကို ကြည့်ကာ
လွမ်းနေမိတာ `မ`တစ်ယောက်ကိုပေါ့.....

ကြယ်စုံညမှာ အတွေးနယ်ချဲ့မိတာ

ဘုရားအတူတူသွားခဲ့တဲ့ နေ့လေးတွေ
အတူတူစားခဲ့တဲ့ KoKoRo ဆိုင်လေး
ပြန်တွေးရင်း ကြည်နူးနေမိတာကို
`မ`တစ်ယောက်သိနိုင်ပါ့မလား

`မ`ရယ်.....

ဝေးနေချိန်မှာတော့
မျှော်လင့်မိပါတယ်
ဘယ်အချိန်ဆက်မယ်မသိတဲ့
`မ`ရဲ့ဖုန်းသံလေးတွေ
ဘယ်အချိန်ရောက်မယ်မသိတဲ့
Message လေးတွေ

ဒါပေမယ့် `မ`ရယ်

ချစ်ခြင်းမေတ္တာတရားတွေ
ရင်ခွင်မှာ စူးနစ်လို့
ရောင်နီလင်း မနက်တို့
မျှော်လင့်နေသူ တစ်ယောက်ကို
အိပ်မက်လေးတွေ ဖန်တီးမပေးတာ
ဘာကြောင့်လဲ `မ`ရာ.....

တစ်မြေစီ ဝေးချိန်မှာ

အိပ်မရတဲ့ညပေါင်းများစွာကို
အတွေးနယ်ချဲ့ကာ ကျော်ဖြတ်ရင်း
ပြန်ဆုံရမယ့်နေ့လေးတွေကို
စောင့်မျှော်ရင်းရေးခဲ့မိတာ
`မ`အတွက် ဒီကဗျာလေးပါ........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့