Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 16 March 2012

ကျွန်တော်ချစ်သော`မ`

ကျွန်တော်ချစ်သော`မ`

သြော်......
အချစ်ဆိုတာ ဘာမှန်းမသိပေမယ့်
မမြင်ဖူး မဆုံခဲ့ဖူးမိတာတောင်
ကျွန်တော့်ရင်ထဲမှာတော့
တိတ်တခိုး ချစ်မိနေခဲ့ပါပြီ `မ`ရယ်...
တကယ်ဆိုရင်
ကျွန်တော်နဲ့ `မ`
အပြင်မှာ မဆုံတွေ့ခဲ့ပေမယ့်
နှလုံးသားနှစ်ခုကတော့
စိတ်ချင်းဆက်နေပါပြီ `မ`ရယ်...
`မ`နဲ့ မောင်က
ဘ၀ချင်းဘဲ ခြားနေလို့လား
အဆင်အတန်းချင်းဘဲ ဝေးကွာလို့လား
ဘယ်လိုအကြောင်းမျိုးတော့ မောင်မသိပေမယ့်
မသိစိတ်တစ်ချို့က `မ`ကိုစွဲလမ်းနေမိတာကြောင့်
အိပ်မပျော်နိုင်တဲ့ညတွေကို `မ` သိနိုင်ပါ့မလား...
နေ့စဉ်နေ့တိုင်း မျှော်နေမိတဲ့ `မ`ရဲ့ဖုန်းသံလေး
ချိုသာလှတဲ့ `မ`ရဲ့ ပြုံးရယ်သံလေးတွေက
မောင့်နားထဲမှာ ကြားနေဆဲပါ...
တရွာသားရည်စားထားရင် ပ၀ါပါးစွန့်ရတယ်ဆိုပေမယ့်
မောင်ကတော့ မမြင်ဖူးတဲ့ `မ`အတွက်
မောင့်နှလုံးသားကိုတောင် စွန့်လွှတ်ရဲပါတယ် `မ`ရယ်...
လက်ရှိမှာတော့
`မ`ပို့လိုက်တဲ့ Message လေးတွေကိုသာဖတ်ရင်း
အဝေးတစ်နေရာမှာရှိတဲ့ `မ`ကိုလွမ်းနေမိတာ
ကျွန်တော်ချစ်သော`မ`သိနိုင်ပါ့မလား....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့