Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 16 March 2012

ဖန်တီးသူ နှင့် ခံစားသူ

မြန်မာရုပ်ရှင် နှင့် မြန်မာရုပ်ရှင်ကြည့်ပရိတ်သတ်
တေးသံရှင် နှင့် သောတရှင်
စာရေးသူ နှင့်စာဖတ်သူ
ဒီခေါင်းစဉ်နဲ့ဆောင်းပါးတပုဒ်ရေးခဲ့ဘူးပါတယ် ( ကြာပါပြီ )
ဟိုတုန်းက မြန်မာရုပ်ရှင်လောကမှာဇာတ်ကောင်နှဲ့စရိုက်ကိုပုံသေထားပြီး သုံးကြတယ်၊
ဥပမာသူများမိန်းမကြာခိုတဲ့ကြာကူလီ စရိုက်၊ လူဆိုး စရိုက်ဆိုရင်ဟို
တုန်းကတော့ အေးကြူ တို့ ဦးကျော်လုံး တို့ကို ပုံသေသရုပ်ဆောင်ခိုင်းကြတယ်
ထိုးခန်းကြိတ်ခန်း စတန့် အခန်းတွေဆိုရင်လဲ ရွှေဘတို့ တင်ညွန့်တို့ ကဘဲသရုပ်
ဆောင်ကြတယ်၊ ပုံသေလိုဖြစ်နေတယ် ၊
ဒီတော့ဘာဖြစ်သလဲဆိုတော့ရုပ်ရှင်ကြည့်ပရိတ်သတ်ကအဲဒီသရုပ်ဆောင်
တွေကို အပြင်မှာလဲ ဒီလို စရိုက် ဒီလို ( Charactater ) မျိုးရှိတယ်လို ထင်မှတ်
ထားကြတယ်၊
ရုပ်ရှင်ကြည့်ပရိတ်သပ်က လူဆိုး က မင်းသမီးကိုနှိပ်စက်နေတဲ့အခန်းရောက်ရင်
အောက်ကနေ ” ဟေ့ကောင်မယုတ်ပါနဲ့ ကောင်မလေးကိုလွှတ်လိုက်၊ ” အော်
ကြတယ် ၊ တချိုကတော့ စားနေတဲ့ပြောင်းဖူးနဲ့ပေါက်လိုက်ကြတယ်၊အထူးသဖြင့်
မြိုပြင်ရုံတွေ ( အောင်မင်္ဂလာ တို့ ရှေမန်းသီရိတို့ ရုံထဲကိုစောစောဝင်မိရင် ပိတ်ကား
ပေါ်မှာ ပြောင်းဖူးတွေ ဆီးသီးတွေနဲ့ပေါက်ထားလို့ ဒါဏ်ရာတွေအများကြိးတွေ့ရ
တယ် ပိတ်ကားကြီးကို မဲနေတာဘဲ အခုတော့ နဲသွားပါပြီ ၊
မောင်သုညတို့ရပ်ကွက်ထဲမှာပန်းချီဘသစ်နေတယ်သူနဲ့လဲမဂ္ဂဇင်းလုပ်ငန်း
အရဆက်ဆံနေရတော့ရင်းနှီးနေတယ် ၊သူကမင်းသားမင်းသမီးတွေကိုမိတ်ကပ်
လုပ်ပေးရသူဆိုတော့ ရုပ်ရှင်လုပ်ငန်းနဲ့နီးစပ်နေတယ် သူကို ရုပ်ရှင်ထဲ ထည့်သုံး
တယ် ၊ သုံးတဲ့နေရာက ဦးကျောက်လုံးတို့ အေကြူတို့လိုနေရာမျိုး ၊ နောက်တော့
သူက ဘာပြောလဲဆိုတော့ နောက်ကားတွေဆက်လက်ခံဘို့မဖြစ်တော့ဘူးတဲ့ ၊
ရပ်ကွက်ထဲကလူတွေက သူ့ကိုမြင်ရင် ကြာကူလီကောင်ကြီးလို့ပြောလာကြတယ်
တဲ့ ၊သူဇနီးကလဲ သဘောမတူဘူး ခလေးတွေကလဲအဖေဒီအခန်းကမလုပ်ပါနဲ့တဲ့
အဲဒါမြန်မာရုပ်ရ၊ှင်ကြည့်ပရိတ်သတ်တွေဘက်ကအနုပညာကိုရှုမြင်ခံစား
နေရာမှာ သရု့ပ်ဆောင်သွားတဲ့ဇာတ်ကောင်ဟာ သူကျရာအခန်းကို ဘယ်လိုသရုပ်
ဆောင်သွားနိုင်တယ်ဆိုတာကို ( သရုပ်ဆောင်သူရဲ့ အနုပညာစွမ်းရည်ကို ခံစားရ
မှာဖြစ်ပါတယ်၊ဒီလူဟာ ဒီဇာတ်ကာမှာ ဒီလိုသရုပ်ဆောင်လို့ သူ့ရဲ့စရိုက်ဟာလဲအပြင်
မှာဒီတိုင်းဖြစ်လိမ့်မယ်လို့ မှတ်ယူလို့မဖြစ်ပါဘူး ၊ဒီအချက်ကိုသဘောပေါက်နားလည်
ထားဘို့လိုပါတယ် ၊
ရုပ်ရှင်ထုတ်လုပ်သူများ ဒါရိုက်တာများဘက်ကလဲသရုပ်ဆောင်တဦးအသုံးပြု
တဲ့အခါမှာ ဒီအချက်ကိုထဲ့ပြိးစဉ်းစားသင့်ပါတယ်၊သရုပ်ဆောင်တဦးကိုစရိုက်
တမျိုးထဲ ( Charactater ) ထဲ ပုံသေထားပြိး မသုံးမိကြဘို့လိုပါတယ်
အဲဒီတုန်းက
အဲဒါကလေးကို ထောက်ပြတဲ့အနေနဲ့ရေးဖြစ်ခဲ့တာပါ ၊
အခုခေတ်မှာတော့ ဒီလိုအခြေအနေမျိုးနဲနဲတော့လျော့သွားပြီလိုထင်ပါတယ်
ထိုင်းနိုင်ငံမှာ ကြည့်နေရတဲ့ရုပ်ရှင်ကားတွေမှာ ဇတ်ကောက်တွေဟာ အနုရောအကြမ်း
ရော လူဆိုးနေရာမှာကော ဇတ်လိုက်နေရာမှာပါသရုပ်ဆောင်ခိုင်းထားတာတွေ့ရပါ
တယ် ၊တချို့ လူတွေကဒီမင်းသားကဘာဖြစ်လို့ ဒီနေရာမျိုးလာသရုပ်ဆောင်ရတာလဲ
ဒီမင်းသမီးက ဘာဖြစ်လို့ ဇာတ်ကြမ်းခန်းဝင်လာရတာလဲ စသဖြင့်ပြောကြတာကြား
မိတယ် ၊
အနုပညာသမားဟာသူဘယ်နေရာကျကျပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တယ်
သူရဲ့ အနုပညာစွမ်းရည်ကို ရုပ်ရှင်ကြည့်ရှုသူတွေဘက်ကခံစားကြည့်ရှူအကဲဖြတ်
သင့်ကြောင့်တင်ပြချင်တာဖြစ်ပါတယ် ၊
တေးသံရှင် နှင့် သောတရှင်
အဆိုတော်တယောက် စင်ပေါ်တက်၍သီချင်းဆိုသည် (သို့မဟုတ်) ရုပ်မြင်သံ
ကြားဖန်သားပေါ်တွင်သီချင်းဆိုသည်၊ ဗီဒီရိုအခွေတွင် သီချင်းဆိုသည်ကို တွေ့မြင်
နားသောတဆင်ရသည်ဆိုပါစို့ 
” ဒီအဆိုတော်လား အင်းအသံလေးကတော့ကောင်းပါရဲ့ သူကအကျင့်စာရိတ္တ
ကမကောင်းဘူး အကျင့်ပျက်တယ် ဟော့ တယ် စသဖြင့် လူကိုမြင်လိုက်သည်နှင့်
အနုပညာရှင်၏နောက်ကြောင်းနှင့် ( Charactater ) ကိုဝေဖန်တာ ရှုံချတာ ကြားရပါသည်၊
နားဆင်သူသောတရှင်သည် သီဆိုဖျော်ဖြေတင်ဆက်သူ၏ အနုပညာရသကို
သား ခံစားသင့်သည်ဟု ထင်မြင်မိပါသည် ၊
ဘယ်သူ ဘယ်အဆိုတော်သီဆိုသွားတဲ့ သီချင်းကတော့ တော်တော် နားထောင်ကောင်းလိုက်တာ
တော်ပိုင်နိုင်အောင်ဆိုနိုင်တာဘဲနော်
သူဆိုတာ မကောင်းဘူး အသံနဲ့သီချင်းနဲ့မလိုက်ဘူး စသဖြင့်အနူပညာရသကိုသာခံ
စားဝေဖန်သင့်သည်ဟုပါသည်
စာရေးသူနှင့်စာဖတ်သူ
အခုဆက်ပြီးပြောချင်တာက စာရေးသူနှင့် စာဖတ်သူအကြောင်း
၁ - စာရေးသူသည် သူရေးလိုက်သော ၀တ္တုထဲမှ ဇတ်ကောင်မဟုတ်ပါ ( သူရေး
လိုက်သော ၀တ္တုထဲမှ ဇတ်ကောင်၏စရိုက်ရှိချင်မှ ရှိပါမည် )
ချစ်တတ်သော သစ္စာရှိသော ရိုးသားဖြူစင်သော ရဲရင့်သော
( သို့မဟုတ် ) မချစ်တက်သော သစ္စာမဲ့သော ရိုးသားမှုမရှိသော ၊ သူရဲဘော
ကြောင်သူ စသည် စသည် စရိုက်များ သည် စာရေးသူမဟုတ်ပါ
၂ - ပညာပေးဆောင်းပါများ ၊ ဗဟုသုရဘွယ်ဆောင်းပါများ ၊ ကိုယ်ကျင့်တရား နှင့်
ဘာသာရေးဆောင်းပါးများ ရေးသားတင်ပြသူ ကိုလည်း မျှဝေလိုက်သူကိုလည်း
စာရေးသူတယောက်အဖြစ်( မျှဝေပေးလိုက်သူ ) အဖြစ်ဖြင့်သာမြင်သင့်ပေသည်
စာရေးဆရာအတော်များများသည်အရက်သောက်တက်ကြသည်၊ဆေးလိပ်
သောက်တက်ကြသည်၊
စာရေးသူသည် သူရေးလိုက်သောဆောင်းပါး ထဲကအတိုင်း လိုက်နာကျင့်သုံး
နေသူတယောက်ဟုတ်ချင်မှဟုတ်ပေမည၊်
အသက်အရွယ်ကြီးရင့်သူစာရေးဆရာတယောက်ဟာ အနုအလှအဖွဲံအနွဲ့များ
အချစ်ဝတ္တုများကိုရေးချင်ရေးမည်၊ သူရေးသော စာနှင့် သူ့စရိုက် အသက်အရွယ်ကို
ယှဉ်တွဲ ပြီးဝေဖန်မှုမပြုသင့်ဟုထင်ပါသည် ၊
စာရေးသူ သည် ရသကိုဖန်တီးသူ အနုပညာစာပေရသကိုဖန်းတီးသူဖြစ်
ဖြစ်သဖြင့် စာဖတ်သူသည် ရသကို ခံစားသူအနေဖြင့်သာဝေဖန်သုံးသပ်သင့်သည်
ဟုသုံးသပ်မိပါသည်၊
မှားတယ်ထင်ရင်ခွင့်လွှတ်ပါ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့