Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 17 March 2012

အင်တာနက်သုံးသူများသိစေရန် အတွက်ဖြစ်ပါတယ်

ဒါကတော့ ကျွန်တော်တို့ အင်တာနက်ကို စတင် အသုံးပြုခါစ သူတွေအတွက် သတိမထားမိ တက်တာလေး တွေကြောင့် မိမိတို့အကောင့် တွေကို သူများတွေက လွယ်ကူစွာရယူ အသုံးပြုသွား နိုင်သလို တစ်ချို့ အင်တာနက်ဆိုင်များမှာ Keylogger တွေကိုအသုံးပြုထားမယ် ဆိုရင် မိမိတို့ G-Mail အကောင့်တွေကို အလွယ်တကူနဲ့ ရယူမသွားနိုင်အောင် သတိထား အသုံးပြုနိုင်မယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ် .. နည်းလမ်း လေးတွေကတော့ ရိုးရိုးလေးပါပဲ .. သိထားတော့လည်း လိုအပ်လာရင် အသုံးပြုလို့ ရတာပေါ့ဗျာ .. 
ပထမဆုံး နည်းလမ်းကတော့ ကျွန်တော်တို့ အနေနဲ့  မိမိတို့ G-Mail အကောင့်တွေကို ၀င်တော့ မယ်ဆိုရင် အရင်ဆုံး Windows Srart  Botton ကို Click လိုက်ပါ .. ပြီးရင် Search Box မှာ Screen Keyboard လို့ရိုက်ထည့် လိုက်ပါ .. ဒါဆိုရင် Screen Keyboard  လေးကျလာပါလိမ့်မယ် .. အဲ့ဒီ Screen Keyboard လေးကို အသုံးပြုမယ် ဆိုရင် မိမိရိုက်ထည့်လိုက်တဲ့ Username နဲ့ Password ကို Keylogger ကမှတ်ထားလို့ မရတော့ ပါဘူး ။ ကျွန်တော် ဘယ်လိုလုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးနဲ့ ပြပေးထားပါတယ် .. 
နောက်တစ်ချက်တော့ တစ်ချို့ Keylogger တွေဟာ အပေါ်မှာ ပြောခဲ့သလို Screen-Keyboard တွေကို ခေါ်လို့ မရအောင် ပိတ်ထားတက်ပါတယ် .. အဲ့ဒီအခါမှာ ကျွန်တော်တို့ အနေနဲ့  မိမိတို့ရဲ့ Username နဲ့ Password တွေကို Notepad ထဲမှာ အရင်ရေး ပြီးတော့မှ Copy , Paste လုပ်ပေးခြင်းဖြင့်လည်း Kyelogger များမှတ်သားလို့ ရမှာမဟုတ်ပါဘူး .. အရင်ဆုံး  Keyboard မှ Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. Run Box ပွင့်လာပြီ ဆိုရင် Run Box ထဲမှာ  Notepad လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် Notepad လေးပွင့်လာပါလိမ့်မယ် .. Notepad ထဲမှာ မိမိတို့ Username နဲ့ Password ကို အရင်ရိုက်ထည့်လိုက်ပါ .. ပြီးတော့မှ G-mail Username နဲ့ Password ထဲမှာ Copy , Paste လုပ်ပြီး ပြန်ထည့်ပေးလိုက် ယုံပါပဲ .. 
နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အနေနဲ့ G-Mail အကောင့်တွေကို Firefox မှာဝင်တဲ့ အခါမှာ Firefox မှာ Save လုပ်မှာလား မေးပါလိမ့်မယ် .. အဲ့ဒါကို မသိတဲ့ သူတွေက သွားပြီး Save မိတဲ့ အခါမှာ မိမိတို့ G-mail အကောင့်ရော Password ရောဟာ Firefox မှာ မှတ်ပြီး ကျန်ခဲ့ပါလိမ့်မယ် .. အဲ့ဒီအခါမှာ အခုကျွန်တော် ပြောတဲ့ နည်းလမ်း အတိုင်း သွားပြီး ကြည့်လိုက်တာနဲ့  Firefox မှာ Save မိလိုက်တဲ့ Account နဲ့ Password တွေကို အလွယ်တကူပဲ ရရှိသွားမှာ ဖြစ်ပါတယ် .. အဲ့ဒီအတွက်  Save ထားတဲ့ Password တွေ အလွယ်တကူ မကျန်ခဲ့အောင် အခုကျွန်တော် ပြောတဲ့ နည်းလမ်းအတိုင်း သွားပြီး ဖျက်ပေးဖို့လည်း လိုပါလိမ့်မယ် ..
အောက်ကပုံအတိုင်း မေးရင် Yes ကိုပေးလိုက် ယုံပါပဲ ..
ဒါဆိုရင်တော့ ကျွန်တော်တို့  Firefox မှာ မှတ်ထားတဲ့ Account ရော Password ရောပျက်သွားမှာ ဖြစ်ပါတယ် ..
နောက်တစ်ချက်ကတော့  G-talk ကနေ သုံးတဲ့သူများ မိမိတို့ ပြောသမျှကို  record  လုပ်မထားတဲ့ နည်းလမ်း လေးပဲ ဖြစ်ပါတယ် .. အဲ့ဒီအတွက်  မိမိတို့ပြောသမျှက record မလုပ်ထားတာ ဖြစ်တဲ့ အတွက် ဘာမှကျန်ခဲ့ မှာမဟုတ်တော့ ပါဘူး .. နောက်ပိုင်း မိမိတို့က View past Chat ကနေ ပြန်ကြည့် ချင်ရင်တောင် ပြန်ကြည့်လို့ ရမှာမဟုတ်တော့ပါဘူး .. အဲ့ဒီနည်းလမ်းကို ဘယ်လိုလုပ်ရမယ် ဆိုတာကိုတော့ ကျွန်တော် အောက်မှာ ပြပေးထားပါတယ် ..
အပေါ်ကအတိုင်း ပြောင်းပြီး သွားပြီ ဆိုရင်တော့ ကျွန်တော်တို့ ပြောခဲ့သမျှတွေဟာ record လုပ်ထားတော့မှာ မဟုတ်တော့ပါဘူး .. တကယ်လို့ မိမိတို့က နောက်ပိုင်း ပြန်ပြီးတော့  Record လုပ်ချင်တယ် ဆိုရင်တော့  Save  chat  history in my Gmail account အကိုပြန်ရွေး ပေးလိုက် ယုံပါပဲ .. အားလုံးပဲ ဒီလောက် ဆိုရင်တော့  အတန်အသင့်တော့ မိမိတိုပ G-Mail အကောင့်ကို လွယ်လွယ် ကူကူနဲ့ သူများနောက် ပါမသွားအောင် သတိထားလို့ ရသွားလိမ့်မယ်လို့ ထင်ပါတယ် ..

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့