Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 17 March 2012

Zawgyi-One နှင့် Unicode နှစ်မျိုးလုံးသုံးချင်သူများ အတွက်

Zawgyi-One နှင့် Unicode နှစ်မျိုးလုံးသုံးချင်သူများ အတွက်




ကျွန်တော်ဒီနေ့တော့ ကွန်ပျူတာကို စတင်အသုံးပြုသူတွေအတွက် Zawgyi-One Install လုပ်နည်းနဲ့ အခု
နောက်ပိုင်းပေါ်လာတဲ့ Unicode နဲ့Zawgyi-One နှစ်မျိုးလုံးကိုမိမိတို့ရဲ့ကွန်ပျူတာမှာလွယ်လွယ်ကူကူနဲ့
အသုံးပြုနိုင်စေဖို့အတွက်..ဒီပို့စ်လေးကိုရေးဖြစ်သွားတာဖြစ်ပါတယ်..Zawgyi-One ကို Install လုပ်တဲ့
အခါမှာ 32 Bits အတွက်အခက်အခဲမရှိပေမယ့် 64 Bits အတွက် Install လုပ်တဲ့အခါမှာအခက်အခဲလေး
တွေရှိတက်တာကိုတွေ့ရပါတယ်..ဒီပို့စ်လေးက စတင်လေ့လာကာစ နဲ့မသိသေးသူများ အတွက်သာရည်
ရွယ်ရေးသား တာဖြစ်တဲ့အတွက် သိပြီးသားသူများအနေနဲ့ တော့လိုအပ်လိမ့်မယ်လို့ မထင်ပါဘူး..ကျွန်တော်
တို့ Zawgyi-One ကိုအရင်ဆုံး အောက်မှာမိမိတို့အဆင်ပြေတဲ့ လင့်ကနေဒေါင်းလော့ချလိုက်ပါ..

Zawgyi-One ကို Install လုပ်နည်း




အရင်ဆုံး Zawgyi-One-20060620 ကို Install လုပ်လိုက်ပါ.. Zawgyi-One-20060620 ကို Install
လုပ်ပြီးပြီဆိုရင်တော့ Keyboard အတွက် 32 Bits ဆိုတဲ့ Folder ထဲမှာရှိတဲ့  zfk-eg-wc2 ကို Install လုပ်
ပေးလိုက်ပါ..ဒါဆိုရင် 32 Bits Users များအတွက် မိမိတို့ရဲ့ ကွန်ပျူတာမှာ Zawgyi-One ဖောင့်ကို
ကောင်းကောင်းအသုံးပြုလို့ရသွားပြီဖြစ်ပါတယ်..

For 64 Bits



32 Bits အတွက် Install လုပ်ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့  64 Bits User များအတွက်
Zawgyi-One ဖောင့်ကို အသုံးပြုလို့ရအောင်ဘယ်လိုဆက်လုပ်ရမယ်ဆိုတာကိုပြောပြပေးပါမယ်..တစ်ချို့
က ဒီအဆင့်လေးကိုမသိတဲ့ အတွက် Zawgyi-One ကိုသုံးလို့မရတာတွေဖြစ်တက်ပါတယ်..ဒေါင်းလော့ချ
ထားတဲ့ ဖိုဒါလေးထဲက 32Bits အတွက် Install လုပ်ပြီးသွားပြီဆိုရင်တော့ 64 Bits ဆိုတဲ့ Folder လေး
ထဲကိုသွားလိုက်ပါ..ပြီးရင်အဲ့ဒီဖိုဒါလေးထဲက install_me ဆိုတာလေးကို Install လုပ်ပေးလိုက်ပါ..ပြီးရင်
မိမိတို့ ကွန်ပျူတာကို restart ချပေးလိုက်ယုံပါပဲ..ဒါဆိုရင် 64 Bits မှာ Zawgyi-One ကိုအသုံးပြုရတာ
အဆင်ပြေသွားပါလိမ့်မယ်..

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့